အခန်း ၄၅

5.2K 880 8
                                    

Raising You This Small Stuff

Unicode

အခန်း ၄၅: နက်နဲတဲ့စာအုပ် O(∩_∩)O~

"....."  

မိုရိချန်က ခဏလောက် အံ့အားသင့်သွားပြီး ပြုံးလိုက်ကာ 

"အဆင်ပြေပါတယ်။ ငါ တစ်ခုခုကို တွေးနေလို့ မအိပ်ချင်သေးဘူး"

"ဒူဒူက မင်းရဲ့အိပ်ရာကို အပိုင်စီးထားမိလို့လား"  

အစကတော့ ယွမ်းစွော်က ဒါမှမဟုတ်ရင် ဂိမ်းထဲကို ပြန်သွားပေးရမလားလို့ ပြောချင်တာဖြစ်ပေမယ့် မိုရိချန်ရဲ့အိပ်ရာက နူးညံ့လွန်းပြီး သူ့အကြည့်တွေက နွေးထွေးလွန်းတာကြောင့် စကားဆက်မပြောနိုင်လောက်အောင် ဖြစ်သွားခဲ့သည်။ အဆုံးတွင် သူက ရှက်သွားပြီး "နေရာ...နေရာတစ်ဝက်ကျော်လောက် ကျန်ပါသေးတယ်" 

မင်းက မနက်ဖြန် အလုပ်သွားရမယ်လေ။ ကောင်းကောင်းအနားမယူရင် ဝိုင်ယာကြိုးတွေနဲ့ ချိတ်ဆွဲရတဲ့အခါ မတော်တဆမှုတွေ အလွယ်တကူ ဖြစ်သွားနိုင်တယ်။

မိုရိချန်က ခဏလောက် တုံ့ဆိုင်းသွားခဲ့သည်။ အခုအချိန်မှာ သူတကယ်ကို မအိပ်ချင်သေးပေမယ့် အသေးလေးကို ကြည့်လိုက်တော့ သူပါလိုက်မအိပ်ရင် မအိပ်တော့မယ့်ပုံ ပေါ်နေတာကြောင့် တစ်ဘက်ခြမ်းကို သွားပြီး ကုတင်ပေါ် တက်လိုက်ဖို့ကလွဲလို့ ရွေးစရာလမ်းမရှိတော့ပေ။

စောင်က သူတို့နှစ်ယောက်အတွက် လုံလုံလောက်လောက်ကြီးသည်။

မိုရိချန်က စောင်အောက်ကို ဝင်လာတာနှင့် တပြိုင်နက် ယွမ်းစွော်က အနည်းငယ် တင်းကျပ်လာကာ ချက်ချင်းပင် နားရွက်တွေ နီရဲလာခဲ့သည်။ ကံကောင်းစွာဖြင့် မီးလုံးတွေက သိပ်မတောက်ပလွန်းပေ မဟုတ်ရင် ဒါကို မိုရိချန် မြင်လိုက်ပါက အရမ်းရှက်စရာကောင်းလိမ့်မယ်...

သူ့မျက်နှာကို စောင်ထဲမှာ မြှုပ်ထားလိုက်ပြီး ဂရုတစိုက်အသက်ရှူသွင်းရင်း မိုရိချန်ကို ကျောခိုင်းထားလိုက်သည်။

မိုရိချန်က ပုဇွန်ပေါက်လေးလို ကွေးကောက်နေတဲ့ အသေးလေးကို မြင်တဲ့အခါ ခေါင်းကို ကူကယ်ရာမဲ့စွာ ခါယမ်းလိုက်ပြီး စောင်ကို သေချာကူအုပ်ပေးလိုက်ကာ လုပ်နေကျအတိုင်း စောင်ထောင့်စွန်းကိုလည်း ဖိပေးလိုက်သည်။ သူ့ဘေးနားရှိ tabletကို ကောက်ကိုင်လိုက်ပြီး ကလစ်တစ်ချက်နှိပ်ကာ ပေါ့ပေါ့ပါးပါး ကြည့်နေလိုက်သည်။

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now