အခန်း ၄

6.9K 1.3K 28
                                    

Raising You This Small Stuff

Unicode

အခန်း ၄ : မိုရိချန်က ဘာမှတုံ့ဆိုင်းမနေပဲ ဝယ်ဖို့ ခလုတ်သာ နှိပ်လိုက်တယ်

နှစ်ရက်ကြာပြီးနောက် ယွမ်းစွော်က နောက်ဆုံးကျန်တဲ့ အာဟာရဖြည့်စွက်စာကို စားလိုက်ပြီး ကော်ဇောပေါ်တွင် ခြေထောက်တိုလေးတွေကို ကြက်ခြေခတ်ကာ ထိုင်လိုက်သည်။

ငါဗိုက်ထပ်ဆာနေပြန်ပြီ...တကယ်ကို...အသုံးမကျတာပဲ။

ရုပ်ချောတဲ့မိုရိချန်ကို မတွေ့ရတာ နှစ်ရက်ရှိပြီ ဖြစ်သည်။ 

ယွမ်းစွော်က မိုရိချန်နဲ့ စကားပြောပြီးတော့ သူက လူကောင်းဆိုတာ သေချာတွေးမိသော်လည်း တစ်ဖက်လူက သူ့ကို ဖယ်ရှားပစ်မှာကို သူ့နှလုံးသားထဲတွင် စိုးရွံ့စိတ် ရှိနေဆဲပင်။ မိုရိချန်က နောက်ဆုံးတစ်ခေါက်တုန်းက စနစ်က ပေးထားတဲ့ရွှေဒင်္ဂါးအားလုံးကို သုံးခဲ့တာကြောင့် စားစရာထပ်ဝယ်ချင်လျှင် ငွေထပ်ဖြည့်ရမှာ ဖြစ်သည်။ နောက်ဆုံးအကြိမ် သူ့ကိုတွေ့တုန်းက သူဝတ်ထားတဲ့ပုံစံက အနည်းငယ် စုတ်ပြတ်နေပြီး (ရုပ်ရှင်ဧကရာဇ်ရဲ့ဝတ်စုံ) သူက ခက်ခဲတဲ့ဘဝမှာ အသက်မွေးနေရတာ ဖြစ်နိုင်သည်။ 

အိုး ပြီးတော့စနစ်က သူက အပြင်ထွက်ကာ အလုပ်လုပ်နိုင်ပြီး ကစားသမားရဲ့ခွင့်ပြုချက်ဖြင့် ရွှေဒင်္ဂါးတွေရနိုင်တယ်လို့ မိတ်ဆက်ပေးခဲ့သည်။ သူသာ သူ့အားသူကိုးပြီး ပိုက်ဆံရှာနိုင်လျှင် မိုရိချန်ကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေတော့ပဲ သူ့ခြေထောက်ပေါ်သူရပ်နိုင်မှာ ဖြစ်သည်။ 

မှန်တယ်! သူ့ကိုယ်သူ အားကိုးရမယ်။ ယွမ်းစွော်က လက်သီးလေးကို ဆုပ်ကာ ရင်ဘတ်ကို ကော့လိုက်သည်။ ဆုံးဖြတ်ချက် ချပြီးနောက် သူက စနစ်ရဲ့အသံလည်ပတ်ပုံကို စမ်းကြည့်ကာ သူစိတ်မကျေမနပ်မချင်း စာရိုက်တယ်၊ ဖျက်တယ်၊ရေးတယ်၊ ဖျက်တယ်၊နာရီဝက်လောက် ကြာအောင် လူးလှိမ့်ခဲ့သည်။ နဖူးပေါ်ကဆံပင်တွေကို စိုထိုင်းစေတဲ့ချွေးတွေကို သုတ်ကာ သတ္တိမွေးရင်း ပို့မည်ခလုတ်ကို နှိပ်လိုက်သည်။

နှစ်ရက်ဆက်တိုက် အများကြီးမနားထားရတဲ့ မိုရိချန်က နောက်ဆုံးမှာတော့ လွတ်လပ်သွားကာ အနားယူဖို့ ပြင်လိုက်သည်။ ချန်ကျောင်က သူ့ရဲ့အာရုံကြောတွေ သက်သာစေဖို့ နို့တစ်ခွက်ကို ပြင်ဆင်ကာ နားနေခန်းထဲမှ ဂရုတစိုက်ထွက်လာပြီး တံခါးကိုပိတ်လိုက်တော့ နောက်ထပ်အစီအစဥ်တွေကို ကြည့်ကာ သက်ပြင်းချလိုက်သည်။

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now