အခန်း ၃၈

5.4K 1K 18
                                    

Raising You This Small Stuff

Unicode

အခန်း ၃၈: အချစ်နှင့်နှောင်ကြိုးများ~

နောက်တစ်နေ့။

မိုရိချန်က 'သူ့ရင်ဘတ်ပေါ်မှ ကျောက်တုံးကြီးကို ဖြိုခွဲရန်' တွန်းအားပေးနေရတဲ့ အိပ်မက်ဆိုးမှ နိုးလာခဲ့သည်။ သူ့ရဲ့အနည်းငယ် လေးလံနေတဲ့ မျက်ခွံများကိုဖွင့်ရင်း မျက်နှာကျက်ကို ကြည့်လိုက်ကာ အကြိမ်အနည်းငယ်လောက်  အသက်ရှူသွင်းလိုက်သည်။ သူ့ရင်ဘတ်က တင်းကျပ်နေပြီး လေးလံတဲ့တစ်ခုခုက အပေါ်က ဖိထားသလို ဖြစ်နေသည်။

အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် နေမကောင်းတာကြောင့် မှုန်ဝါးနေတဲ့ မိုရိချန်ရဲ့အမြင်အာရုံက ကြည်လင်လာခဲ့သည်။ သူပထမဆုံးမြင်လိုက်ရတာကတော့ ယွမ်းစွော်ရဲ့ ဆိုဖာကူရှင်တွေနဲ့လိုက်ဖက်တဲ့ အရောင်ရှိတဲ့ အစိမ်းနုရောင်ခေါင်းအုံးတစ်လုံး၊ ပြီးတော့ ကြမ်းပြင်ပေါ်၌ ယုန်ပုံစံညအိပ်ဝတ်စုံ၊ ထသွားထလာဝတ်စုံတွေနှင့် ယုန်ပုံစံဒီဇိုင်းပုံလေးတွေပါတဲ့ ရှေ့ခါးစည်းစတွေ အားလုံးပါဝင်ရောထွေးနေတဲ့ အဝတ်အစားတွေ... ဒါတွေအားလုံးက ယွမ်းစွော်ရဲ့ အဝတ်အစားတွေဖြစ်သည်။

နောက်ဆုံးတော့ သူ့အသိစိတ်က သူ့ခန္ဓာကိုယ်ဆီကို ပြန်ရောက်လာပြီး သေချာပေါက်ပင် သူ့အပေါ်တွင် ရောင်စုံအဝတ်အစားတွေ၊ ခေါင်းအုံးတွေနှင့် စောင်တွေ စုပုံနေခဲ့သည်...

သူ အိပ်မက်ဆိုး မက်ခဲ့တာ မထူးဆန်းတော့ပါဘူး!

မိုရိချန်က နောက်တစ်ကြိမ် အသက်ပြင်းပြင်းထပ်ရှူကာ မျက်လုံးကိုမှိတ်ထားရင်း အသေးလေး လွှဲပြောင်းထားတဲ့ တောင်ကုန်းလေးထဲမှ သူ့လက်မောင်းကို ဆန့်ထုတ်လိုက်ပြီး ဖုန်းကို ကောက်ယူလိုက်ကာ ဖုန်းမျက်နှာပြင်ကို ထိလိုက်သည်။

ပြီးတော့ မူလက သူ့မျက်နှာပေါ်တွင် ကူကယ်ရာမဲ့တဲ့အမူအရာဖြစ်နေတဲ့ မိုရိချန်က ဂိမ်းထဲမှ ယွမ်းစွော်ကို မြင်လိုက်တဲ့အခါ သူ့မျက်လုံးတွေက ရုတ်တရက် နူးညံ့သွားပြီး အနည်းငယ်စိတ်မကောင်းဖြစ်သွားခဲ့သည်။ သူ့ရင်ဘတ်ပေါ်ရှိ အရာတွေဆီမှ ထွက်လာတဲ့ လေးလံတဲ့ခံစားမှုက လေးလံတဲ့ထိရှမှု အဖြစ်သို့ ပြောင်းသွားခဲ့သည်။

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now