အခန်း ၁၇

5.7K 1.1K 14
                                    

Raising You This Small Stuff

Unicode

အခန်း ၁၇: ဒူဒူ လဲကျသွားတယ်

"ဒူဒူ မင်းရဲ့ကျောင်းလွယ်အိတ်ကို ဘာကြောင့် ပြောင်းလိုက်တာလဲ"

လုံပေါ်က ဒူဒူဒီနေ့လွယ်လာတဲ့ ကျောင်းလွယ်အိတ်ရဲ့အရောင်နဲ့ တံဆိပ် ပြောင်းသွားတာကို သတိပြုမိလိုက်ပြီး တူညီတဲ့အရာတစ်ခုကတော့ limited edition နာမည်ကြီးတံဆိပ်ပစ္စည်းတွေပဲဖြစ်နေဆဲဖြစ်သည်။ ကြည့်ရတာ သူ့ကစားသမားရဲ့ စီးပွားရေးအခြေအနေကအရမ်းကောင်းပြီး သူ့ကိုလည်း အများကြီး သဘောကျပုံပင်။ 

"မနေ့က ဇစ်ကွဲသွားတာကြောင့် မို...ငါ့ကစားသမားက ပြန်ပြင်ဖို့ ယူသွားတယ်။ ဒါကအစားထိုးလေ" ယွမ်းစွော်က မိုရိချန်ရဲ့နာမည်ကို ပြောမိလုနီးပါးဖြစ်သွားကာ သူ့လည်ပင်းကို ထိန်းလိုက်ရသည်။

မနေ့က စုရီနဲ့ငြင်းခုံနေပေမယ့် ဒီနေ့မှာတော့ လုံပေါ်က ယွမ်းစွော်ကို ဘာမေဂျာရွေးထားလဲလို့ မေးဖို့သတိရသွားသည်။ ထင်ရှားတဲ့ အထောက်အထားတွေ၊ ကစားသမားရဲ့ အထောက်အထား၊  မြင့်မားတဲ့အဆင့်နဲ့ ချမ်းသာမှုတန်ဖိုးတွေက elfတွေကြားတွင် မမေးသင့်တဲ့အရာအဖြစ်တားမြစ်ထားသည်။ အနည်းဆုံးတော့ တစ်ယောက်နဲ့တစ်ယောက် အရမ်းမရင်းနှီးသေးရင် ထုတ်မပြောသင့်ပေ။

"ငါက ချက်ပြုတ်တာကိုရွေးထားတာ။ မနေ့ကတောင် အတန်းရှိခဲ့သေးတယ်။ ပထမဆုံး သင်ခဲ့ရတာက မုန့်လုပ်နည်းနဲ့ အခြေခံဗဟုသုတွေပဲ။ ဒီနေ့က နေ့တဝက်ပဲ တက်ရမယ့်သရုပ်ဆောင်သင်တန်း ရှိတယ်။ ပြီးတော့ နှစ်ရက်တက်ရတဲ့ လက်မှုပညာသင်တန်းလည်း ရှိသေးတယ် " ယွမ်းစွော်က သူ့လက်ချောင်းလေးတွေကို ဂရုတစိုက် ချိုးကာရေတွက်လိုက်သည်။

"အဲ့ဒါက နည်းနည်းတော့...." အနည်းငယ် ရှပ်ထွေးနေပေမယ့် လုံပေါ်က ဘာ​မှ မပြောခဲ့ပေ။ ဘယ်လိုပဲဖြစ်ဖြစ် elfတွေက သူတို့ရဲ့မေဂျာကို ရွေးတဲ့အခါ သူတို့ထဲကအများစုက သူတို့ရဲ့ ကစားသမားရဲ့ စိတ်နေစိတ်ထားနဲ့ ဝါသနာအပေါ် မူတည်ကြသည်။ ပြီးတော့ ကျောင်းသွားတာက creditsရဖို့ထက် ဘာမှမပိုပဲ မြန်မြန်အဆင့်တက်ကာ သူတို့ရဲ့အရင်အချိန်နဲ့ နေရာဆီ ပြန်သွားဖို့ ဂိမ်းထဲက ထွက်ရဖို့ပင်။

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now