အခန်း ၅၃

4.4K 916 20
                                    

Raising You This Small Stuff

Unicode

အခန်း ၅၃: ရိချန်ကောကော

ယွမ်းစွော်က အကြောင်းပြချက်မရှိဘဲ အေးစိမ့်သွားသလို ခံစားလိုက်ရသည်။ သူ ခေါင်းကို ​မော့ကြည့်လိုက်တဲ့အခါ သိပ်မနီးမဝေးတွင် ရပ်နေတဲ့ မိုရိချန်ကို တွေ့လိုက်ရသည်။ ကောင်မလေးက မိုရိချန်ကို မြင်တဲ့အခါ တောင့်တင်းသွားပေမယ့် ယွမ်းစွော်ရဲ့လက်ကို လွှတ်ရမယ့်အစား အနည်းငယ်တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။

မိုရိချန်ရဲ့အကြည့်တွေက ထိုလက်နှစ်ဖက်ပေါ် ရောက်နေကာ မျက်မှောင်ကြုတ်လိုက်သည်။ 

"မင်း ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ"

"အာ ကျွန်တော် ရိုက်ကူးရေးအဖွဲ့ကို ပစ္စည်းအချို့ ရွေ့ဖို့ ကူညီပေးနေခဲ့တာ။ ပြီးတော့..."

 အခုလေးတင်မှ ကောင်မလေးရဲ့ ရှက်ရွံ့နေတဲ့အကြည့်ကို စဉ်းစားမိရင်း ယွမ်းစွော်က ပြောလိုက်သည်။ "ဒီညီမလေးရဲ့ ခြေထောက်က ဒဏ်ရာရသွားတာကြောင့် ကျွန်တော် သူမကို ပြန်ခေါ်လာဖို့ ကူညီပေးနေတာပါ"

ညီမလေးဟုတ်လား။ သူမကို ခေါ်တဲ့ပုံစံက အတော်လေးကို ရင်းနှီးနေပုံရသည်။ မိုရိချန်ရဲ့ မျက်နှာက မည်းမှောင်သွားပြန်သည်။ ယွမ်းစွော်က မိုရိချန်လည်း လာကူညီမယ်လို့ ထင်ထားခဲ့ပေမယ့် ရုတ်တရက် သူ့လက်မောင်းကို ဆွဲလိုက်သလို ခံစားလိုက်ရပြီးနောက် ယိုင်သွားကာ မိုရိချန်ရဲ့ဘေးသို့ ဆွဲခေါ်ခံလိုက်ရသည်။ 

"မင်းက... ချင်းဝမ်မို့လား" 

မိုရိချန်က ကောင်မလေးကို သူမရဲ့ရုပ်ရှင်ထဲမှာသုံးတဲ့ နာမည်အား ခေါ်လိုက်သည်။

ကောင်မလေးက အနည်းငယ် အံ့သြသွားပြီး အမြန်ပြောလိုက်သည်။ 

"စီနီယာမို ဟုတ်...ဟုတ်ပါတယ်။ ကျွန်မက ချင်းဝမ်နေရာမှာ သရုပ်ဆောင်တဲ့ ဖန်းယာပါ"

ထိုကောင်မလေးရဲ့အမည်မှာ ဖန်းယာ ဖြစ်ပေသည်။ ယွမ်းစွော်က ယဉ်ကျေးမှုအရ လိုက်နာပြီး ချိုသာတဲ့အသံဖြင့် ခေါ်လိုက်သည်။ 

"ညီမဖန်းယာ"

မိုရိချန်ရဲ့မျက်ခုံးတွေက သိသိသာသာ ပင့်တက်သွားပြီး သူ့လက်ကောက်ဝတ်ကို ကိုင်ထားတဲ့လက်ကလည်း အနည်းငယ် တင်းကျပ်လာခဲ့သည်။

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now