အခန်း ၂၈

5.5K 1K 4
                                    

Raising You This Small Stuff

Unicode

အခန်း ၂၈ : ဒေါသထွက်နေတဲ့ မိုရိချန်!

"မို မို မို..."

 ကက်ဆက်ခွေထစ်နေသလို အသံတိုးတိုးလေးဖြင့် ယွမ်းစွော်ရဲ့ မျက်လုံးတွေက ပြူးကျယ်နေခဲ့သည်။

Dang clang...

ယွမ်းစွော်ရဲ့လက်နှစ်ဖက်က  သူ့အဝတ်ထောင့်တွေကို ဆုပ်ကိုင်ထားပြီး အလွန်စိတ်လှုပ်ရှားနေတာကြောင့် စားပွဲပေါ်ရှိ မီးခိုးရောင်mouseလေးကို လွှတ်ချလိုက်သည်။ ယုန်ပုံစံခွက်ထဲကရေတွေကလည်း မှောက်ကျပြီး စားပွဲပေါ်တွင် ရေတွေ ရွှဲနစ်သွားခဲ့သည်။

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ စာသားတွေက တစ်ဖန် ပြန်လည်စတင်လာပြန်သည်:

"ချစ်စရာလေးက အခု နမ်းလိုက်တဲ့အသံ လုပ်လိုက်တာလား"

"နမ်းမယ် ချစ်စရာလေးကို နမ်းမယ် မွ မွ~"

"မွ မွ မွ! "

"ငါဘာလို့ မိုရိချန်ရဲ့အသံကို ကြားလိုက်ရသလို ဖြစ်နေရတာလဲ"

"ဒီမှာလည်းတူတူပဲ!"

"အားးးးး ဘာတွေဖြစ်ကုန်တာလဲ"

"ပေါက်ကရတွေ မပြောနဲ့။ ဒါက တိုက်ဆိုင်မှုတစ်ခုပဲ!"

ဝူး______

[Woof Star Visitor] အော့ဖ်လိုင်းဖြစ်သွားပါပြီ။

အောက်ဖော်ပြပါ မှတ်ချက်များအခန်းတွင် နောင်တရတဲ့အော်ဟစ်သံများ ထွက်ပေါ်လာပြီး ဒီချစ်စရာကောင်းတဲ့ချစ်စဖွယ်လေးက ဘယ်ကများလဲဆိုတဲ့ ခန့်မှန်းချက်များ ထွက်ပေါ်လာကြသည်။

"သူ့အသံက အထက်တန်းကျောင်းသူလေးလို့ ထင်ရလောက်လား"

"နူးညံ့ပြီး စေးကပ်တိုင်း ငယ်ရွယ်တယ်လို့ မဆိုလိုဘူး။ ငါကတော့ သူက နူးညံ့ပြီး ချစ်ဖို့ကောင်းတဲ့ စီနီယာတစ်ယောက်လို့ ခံစားရတယ်!"

 "ကျေးဇူးပြုပြီး မင်းရဲ့မျက်နှာကိုပြပါဦး!"

"အားးး အဲဒါ လုံပေါ်ရဲ့အကောင့်လေ! ပြောမပြနိုင်တဲ့ လျှို့ဝှက်ချက်တစ်ခုခု ရှိနေပုံပဲ!!!"

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now