အခန်း ၅၂

4.7K 937 11
                                    

Raising You This Small Stuff 

Unicode

အခန်း ၅၂: သဝန်တိုနေတဲ့ဒူဒူ + မိုရိချန်

Elf Academyက တရားဝင်အားလပ်ရက် ပေးလိုက်ပြီဖြစ်တာကြောင့် ယွမ်းစွော်က အားလပ်ချိန်ပိုရခဲ့သည်။ မိုရိချန်ရဲ့ ရိုက်ကူးရေးကလည်း ပြီးဆုံးတော့မည်ဖြစ်သည်။

မိုရိချန်ရဲ့ ယခုတစ်ကြိမ်ရုပ်ရှင်က ရှေးခေတ်ဝတ်စုံအပြင်အဆင်နှင့် ဖြစ်သည်။ သူက တိုင်းပြည်ဒုက္ခရောက်ချိန်၌ တစ်နှစ်ပတ်လုံး စစ်မြေပြင်တွင် ပြေးလွှားနေခဲ့ရတဲ့ စစ်ဗိုလ်ချုပ်ကြီးအဖြစ် သရုပ်ဆောင်ထားသည်။ ဇာတ်ဆောင်မင်းသမီးကလည်း အလွန်ကောင်းမွန်တဲ့ သရုပ်ဆောင်စွမ်းရည်နှင့် ဇာတ်ရုပ်ကောင်းတွေရှိကာ  ဖျော်ဖြေရေးအဝန်းအဝိုင်းတွင် ရေပန်းစားနေတဲ့ ပန်းလေးတစ်ပွင့် ဖြစ်ပြီး မိုရိချန်ရဲ့ဘေးမှာ ရပ်လိုက်တဲ့အခါ အလွန်လိုက်ဖက်ညီတဲ့ စုံတွဲလေး ဖြစ်သွားစေသည်။

ရုပ်ရှင်ပိုစတာထွက်ပြီးတာနဲ့တစ်ပြိုင်နက်  ပရိသတ်အချို့က သူတို့ကို CP အဖြစ် တွဲပေးလိုက်ကြပြီဖြစ်သည်။ ရုပ်ရှင်ရိုက်ကူးနေစဥ်တစ်ဝက်လောက်တွင် ပရိသတ်တွေ လုပ်ထားကြတဲ့ သူတို့နှစ်ယောက်ရဲ့ ဗီဒီယိုတွေနှင့် ဓာတ်ပုံတွေက ပျံ့နှံ့လာခဲ့သည်။

ယွမ်းစွော်က ဒါတွေကို အွန်လိုင်းမှာ မြင်ပေမယ့် သိပ်ဂရုမစိုက်ပေ။ ဘယ်လိုပဲဖြစ်ဖြစ် မိုရိချန်က  ​​သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ အရင်ဇာတ်ကားတွေမှာလည်း ဆန့်ကျင်ဘက်လိင်တွေနဲ့ ရင်းနှီးစွာ ထိတွေ့ဆက်ဆံခဲ့ဖူးတဲ့သူ ဖြစ်ကာ သူကိုယ်တိုင်လည်း သရုပ်ဆောင်သင်တန်းသား ဖြစ်တာကြောင့် နောက်ကွယ်က အကြောင်းရင်းကို သူသိသည်။

မိုရိချန်မှာ မကြာသေးမီက သူနှင့်အတူ 'လက်ထောက်အငယ်လေး' ရှိလာတာကို ရိုက်ကွင်းရှိလူတိုင်းက သိကြသည်။ သူ့ကို ကြည့်ရတာ တက္ကသိုလ်တက်နေတဲ့ ကျောင်းသားတစ်ယောက်လိုပင်။ အလွန်ချစ်စရာကောင်းပြီး အကျင့်စာရိတ္တကောင်းမွန်ပေမယ့်  သူ့ရဲ့အချိန်အများစုတွင် သူက ကားထဲတွင်သာ နေခဲ့သည်။ မိုရိချန်က ရိုက်ကူးရေးလုပ်နေချိန်တွင် သူက ဘေးနားမှ နာခံစွာ ကြည့်နေတတ်ပြီး ဇာတ်ကွက်တစ်ခု ရိုက်ပြီးသွားတဲ့အခါ မိုရိချန်ကို ရေပေးဖို့နှင့် ခေါင်းပေါ်တွင် ထီးမိုးပေးဖို့ သူ့မျက်နှာတွင် ရိုသေလေးစားတဲ့အကြည့်ဖြင့် ရှေ့သို့ ပြေးလာတတ်သည်။

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now