အခန်း ၈၀

3.6K 616 4
                                    

Raising You This Small Stuff

Unicode

အခန်း ၈၀: ဒူဒူ လက်ထပ်ပြီ ~

 နှစ်ပေါင်းများစွာ စောင့်ဆိုင်းနေခဲ့ရပြီး နောက်ဆုံးတွင် မေမေမိုက ပထမဆုံး ချွေးမကို ရရှိလာခဲ့သည်...သူမ ထင်ထားခဲ့တဲ့အတိုင်း ကျားမ မတူပေမယ့်ပေါ့။ သို့သော်လည်း မိုမိသားစုဝင်က သူ့ကိုလက်ထပ်ဖို့ ဆုံးဖြတ်ထားပြီးပြီကြောင့် သူ့ကို ဆိုးဆိုးရွားရွား မဆက်ဆံနိုင်ပေ။

"ဒါဆို ခမည်းခမက်တွေနဲ့ ဘယ်တော့ တွေ့မှာလဲ" 

မေမေမိုက မေးလိုက်သည်။ ဒါက ကလေးနှစ်ယောက်ကြားမှ ကိစ္စဖြစ်ပေမယ့် သူမအတွက်ကတော့ မိသားစုနှစ်ခုကြားက ကိစ္စပင်။

သို့သော် မိုရိချန်ရဲ့မျက်နှာတွင် အရိပ်အယောင်ကို မြင်လိုက်ရတော့ ယွမ်းစွော်ရဲ့မိသားစုက သိပ်မကောင်းဘဲ သူမက မိသားစုအဆင့်အတန်းကို ဂရုစိုက်နေမှာကို သူ့သားက စိုးရိမ်နေတာဖြစ်ရမယ်လို့ ထင်လိုက်သည်။

"ရိချန် မေမေက ယောက်ျားလေး၊ မိန်းကလေးတောင် ဂရုမစိုက်မှတော့ မိသားစုအဆင့်အတန်းကိုလည်း ဂရုမစိုက်ပါဘူး"

မိုရိချန်က ပြောလိုက်သည်။ 

"မေမေ မေမေထင်နေသလို မဟုတ်ပါဘူး။ ဒူဒူရဲ့... မိဘတွေက မရှိတော့ဘူး။ သူ့အနီးအနားမှာလည်း ဆွေမျိုးနီးစပ်တွေ သိပ်မရှိဘူး"

မေမေမိုက ဒီလိုဖြစ်မယ်လို့ မမျှော်လင့်ထားပေ။

 "ဒူဒူ အဲဒီ့ကလေး...ဟင်းးး... အနာဂတ်မှာ မင်း သူ့အပေါ် ကောင်းရမယ်နော်။ မိုမိသားစုရဲ့တံခါးက ဝင်ဖို့မလွယ်ပေမယ့် မင်းသူ့ကိုတစ်ခါ ခေါ်ဝင်လိုက်တာနဲ့ မင်းမှာ တာဝန်ယူမှုနဲ့တာဝန်ခံမှုရှိရမယ်"

"ဟုတ်ကဲ့ ကျွန်တော်သိပါတယ်"

ထိုအချိန်တွင် မေမေမို ကန့်ကွက်မှာ စိုးတာကြောင့် အပြစ်ရှိစိတ်ဖြင့် ဂိမ်းထဲတွင် ငှက်ကုလားအုပ်လို ပုန်းနေတဲ့ ယွမ်းစွော်က မျက်လုံးတွေ နီရဲကာ တုန်လှုပ်နေခဲ့သည်။

"လက်ထပ်မှတ်ပုံတင်က ဘယ်တော့ရမှာလဲ" 

တရုတ်နိုင်ငံအတွင်း အသိအမှတ်မပြုသည့် အိမ်ထောင်ရေး လက်မှတ်တစ်ခု ဖြစ်ပေမယ့် မေမေမိုအတွက်တော့ အလွန်အရေးကြီးနေသေးပြီး နေ့ကောင်းနေ့မြတ်ကို ရွေးချယ်ဖို့ လိုနေသေးသည်။

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now