အခန်း ၅၆

4.3K 870 34
                                    

Raising You This Small Stuff

Unicode

အခန်း ၅၆: မိုရိရှုရဲ့မရီး

ဖိုဖေးက ယခုအခါ ခန့်မင်နှင့်အတူ ရှိနေကြောင်း သတင်းကြားကြတဲ့အခါ အားလုံးက စိတ်သက်သာရာ ရသွားကြသည်။ မိုရိချန်က သူ့ကို အားလပ်ရက်အပန်းဖြေခရီး ပေးခဲ့ပြီး နောက်နေ့မှာတော့ အထူးလက်ထောက်ခန့်မင်က နာမည်ကြီးခရီးသွားဆွဲဆောင်ရာ နေရာဖြစ်တဲ့ မော်လ်ဒိုက်ကို လေယာဉ်နဲ့ သွားနေခဲ့ပြီး အနားတွင် လက်အောက်ငယ်သားတွေတောင် မပါဘူးလို့လည်း ဆိုပါသည်။

ယွမ်းစွော်ရဲ့အဆင့်က ထပ်တိုးလာပြီး elfကျောင်းဝင်းအတွင်းတွင် အလွန်ရှားပါးတဲ့ စာသင်နှစ်တစ်ခုအတွင်း အဆင့် ၃၀သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

"ကျွန်တော် ကံကောင်းသွားလို့ပါ" ယွမ်းစွော်က ဂုဏ်ပြုတဲ့စာ ပေးပို့တဲ့ လူတိုင်းကို ပြန်ပြောခဲ့သည်။

လုံပေါ်က အမြန်စာရိုက်လိုက်သည်။ "ငါတို့က မင်းနဲ့တွေ့ခွင့်ရလို့ ကံကောင်းတဲ့သူတွေပါ"

ဆိုဖာပေါ်တွင်ထိုင်ကာ မိုရိချန်ရဲ့ ရင်ခွင်ထဲတွင် မှီနေတဲ့ ယွမ်းစွော်က စာပြန်ပို့ရင်း ခေတ္တရပ်သွားခဲ့သည်။ ဟုတ်တယ် သူနဲ့မိုရိချန်လိုပဲ တွေ့ရလို့ ကံကောင်းတယ်။

သူ့ရင်ခွင်ထဲတွင် ကွေးနေတဲ့ အသေးလေးရဲ့ ခံစားချက်အပြောင်းအလဲကို ခံစားလိုက်မိသဖြင့် မိုရိချန်က ခေါင်းငုံ့ကာ ယွမ်းစွော်ရဲ့နဖူးရှေ့ရှိ ဆံပင်လေးတွေကို ညင်သာစွာ နမ်းလိုက်သည်။ 

"ဘာဖြစ်လို့လဲ"

"ဘာမှမဟုတ်ပါဘူး" 

မိုရိချန်က ဒီလို အကြိမ်ပေါင်းများစွာ လုပ်ခဲ့ပေမယ့် ယွမ်းစွော်က ရှက်နေဆဲဖြစ်သည်။  "ကျွန်တော်...ကျွန်တော် အဆင့်မြှင့်လိုက်တာ...အရမ်းမြန်တယ်လို့ ခံစားရလို့ပါ"

မိုရိချန်က ပြုံးပြီး မေးလိုက်သည်။ "ပျော်တယ်မို့လား"

ယွမ်းစွော်က ခဏလောက် အေးခဲသွားပြီး ခေါင်းညိတ်လိုက်သည်။

"ဒါဆို...ကိုယ့်ကို ဘယ်လိုကျေးဇူးဆပ်ချင်လဲ" မိုရိချန်ရဲ့စကားအဆုံးက ယောင်ဝါးဝါးဖြစ်နေပြီး သူ့လက်တွေက ရုတ်တရက် အနည်းငယ် ဂနာမငြိမ် ဖြစ်လာခဲ့သည်။

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now