အခန်း ၆၃

3.7K 757 19
                                    

Raising You This Small Stuff

Unicode

အခန်း ၆၃:  မိုစုံတွဲ!

ဖိုဖေးထံမှ ဖုန်းဝင်လာတဲ့အခါ ခန့်မင်က မိုရိချန်ရဲ့စာကြည့်ခန်းထဲတွင် ရှိနေခဲ့သည်။ ချန်ကျောင်က အနားတွင် မရှိတာကြောင့် ခန့်မင်က အလုပ်ပိုလုပ်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ဘဲ လက်ထောက်အသစ်ကလည်း နယ်ပယ်မျိုးစုံတွင် မကျွမ်းကျင်သေးသည့်အပြင် စောင့်ကြည့်ဆဲ ကာလဖြစ်သည်။

"ထျန်းယောင် နိုးပြီလား" 

မိုရိချန်က သတင်းကြားတော့ အံ့သြသွားခဲ့သည်။

ခန့်မင်က ပြောလိုက်သည်။

 "ဖိုဖေးက ရှင်းရှင်းလင်းလင်းတော့ မပြောသွားပေမယ့် သူ့ခြေလက်တွေက တုံ့ပြန်မှုရှိနေလို့ ဆရာဝန်က နောက်ထပ်စမ်းသပ်မှုတွေ လုပ်နေတယ်တဲ့"

"ဒါဆို ဆေးရုံကို မြန်မြန်သွားကြည့်လိုက်ပါ"

 မိုရိချန်က ထလိုက်ပြီး ဂိမ်းထဲမှာ ကိုယ်ခံပညာ ဝတ္ထုကို ကိုင်ထားတဲ့ ယွမ်းစွော်က ဖိုးဖေနှင့် ပတ်သက်တဲ့ အကြောင်းဆိုတာကို ကြားတာနဲ့  ချက်ချင်း ထခုန်လာခဲ့သည်။

ခန့်မင်က သူတို့နှစ်ယောက်ကို တားလိုက်ပြီး ဘယ်လိုပဲဖြစ်ဖြစ် ဆေးရုံကအခြေအနေကို မသိရသေးတဲ့အပြင် မိုရိချန်ရဲ့ အထောက်အထားက ထူးခြားတဲ့အတွက် လူအဝင်အထွက်များတဲ့နေရာတွေကို ရှောင်တာ အကောင်းဆုံးပင်။

"ကျွန်တော် အဲဒီကို အရင်သွားတာ ပိုကောင်းပါတယ်။ ဒုတိယသခင်လေး မင်းရဲ့အခြေအနေအရ မင်းအတွက် သိပ်အဆင်မပြေဘူး"

"ဒါဆို တစ်ခုခုဆိုရင် ငါတို့ကို ချက်ချင်းပြောပါ" 

မိုရိချန်က ပြောလိုက်သည်။

"ကောင်းပါပြီ!" 

ခန့်မင်က ပြန်ဖြေပြီး သူ့အင်္ကျီကို ကိုင်ကာ အမြန်ထွက်သွားသည်။

ဆေးရုံကို ရောက်တဲ့အခါ ဆရာဝန်က စစ်ဆေးမှု ပြီးသွားပြီး လူနာခန်းထဲက ထွက်လာခဲ့သည်။ ဖိုဖေးက စိတ်လှုပ်ရှားစွာဖြင့် သူ့လက်ကို ဆုပ်ကိုင်ထားသည်။

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now