အခန်း ၈

6.6K 1.1K 23
                                    

Raising You This Small Stuff

Unicode

အခန်း ၈ : မိုရိချန်က အံ့သြဖို့ကောင်းလိုက်တာ။ သူက ကျောင်းထားပေးဖို့တောင် တတ်နိုင်တယ်

ပြေးစက်ပေါ်တွင် နှစ်နာရီပြေးပြီးနောက် ယွမ်းစွော်က အသက်ရှူကြပ်ကာ မူးဝေလာပေမယ့် မိုရိချန်ရဲ့ ရေမသောက်နဲ့၊ ချက်ချင်းမထိုင်နဲ့ဆိုတဲ့ ညွှန်ကြားချက်တွေ အတိုင်းလိုက်နာကာ အကြောလျှော့လေ့ကျင့်ခန်းအချို့ လုပ်နေသည်။ သူက မီးခိုရောင်အားကစားဝတ်စုံနဲ့ ဖိနပ်အဖြူလေးဝတ်ဆင်ထားကာ မိုရိချန်လေ့ကျင့်ခန်းလုပ်တဲ့အချိန် ဝတ်တာတွေနဲ့ တူနေတာကိုတော့ သူမသိပေ။ 

သူ့လက်တွေက ပြန်ကောင်းလုနီးပါး ဖြစ်နေပေမယ့် မိုရိချန်က စိတ်ပူနေဆဲဖြစ်ကာ ရိုးရိုးရှင်းရှင်းအဝတ်လျှော်တာကလွဲလို့ ရေကို အချိန်အတော်ကြာအောင်မထိရန်နဲ့ အခန်းသန့်ရှင်းရေးကို ကိုယ့်ဘာသာမလုပ်ရန် တားမြစ်ထားသည်။ 

အချိန်အတော်ကြာအောင် အနားယူပြီးနောက် သူ့ခန္ဓာကိုယ်က ချွေးတွေက တိတ်သွားသည်။ အဝတ်အစားလဲကာ ကြမ်းပြင်ပေါ်တွင် တပလ္လင်ခွေထိုင်လိုက်ပြီး ပုံဆွဲစက္ကူတွေအဖြစ် နည်းနည်းချင်းစီစုထားတဲ့ မုန့်အခွံတွေနဲ့ ကုန်ပစ္စည်းစာရွက်တွေကို ထုတ်လိုက်သည်။ မိုရိချန်က သူပုံဆွဲရတာကြိုက်တယ်ဆိုတာကို မသိတာကြောင့် သူ့အတွက် ပုံဆွဲစာရွက် ဝယ်ပေးဖို့ မတွေးမိပေမယ့် သူကလည်း ပိုက်ဆံချွေတာချင်တာကြောင့် ဘာမှမပြောခဲ့ပေ။

ယခုလှပတဲ့မုန့်အခွံပေါ်မှာ ပုံဆွဲရတာက ယွမ်းစွော်အတွက် တစ်ခုခုဆန်းသစ်နေသည်။

သူက ခဏလောက်ဆွဲကာ မေးလေးထောက်ပြီး စဥ်းစားလိုက်သည်။ 

ဒင်!!စနစ်ရဲ့အသံက ထပ်မြည်လာသည်။ စနစ်အသိပေးချက်: elfဒူဒူ First Elf ကောလိပ်မှ emailတစ်စောင် ရောက်နေပါသည်။

သူကemailကို ဖွင့်ရန်ကို နှိပ်လိုက်သည်။

ဒါက ဝင်ခွင့်အသိပေးချက် စာတစ်စောင် ဖြစ်နေတာကြောင့် သုကအံ့သြဝမ်းသာသွားသည်။ 

ဝင်ခွင့်အသိပေးချက် - 

ကျောင်းသားဒူဒူ

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now