အခန်း ၃၄

5.8K 1K 8
                                    

Raising You This Small Stuff

Unicode

အခန်း ၃၄: မိုရိချန်က လိမ်ခဲ့တယ်!

အဘိုး! လုံပေါ်က ချက်ချင်း ထခုန်လိုက်ပေမယ့် မိုရိချန်က လဲကျသွားတဲ့ အဘိုးဖူဆီကို ပြေးသွားခဲ့တာကြောင့် ဖုန်းက စားပွဲပေါ်တွင် ရှိနေပြီး ကင်မရာက မျက်နှာကျက်ကို မျက်နှာမူနေခဲ့သည်။ ယွမ်းစွော်နဲ့လုံပေါ်က ဘာမှလုပ်ပေးနိုင်တာ မရှိသဖြင့် ပိုပြီး စိုးရိမ်သွားခဲ့သည်။

"အစ်ကိုမို ဘာဖြစ်တာလဲ။ အဘိုး ဘာဖြစ်သွားတာလဲ" 

လုံပေါ်က ထပ်ခါတလဲလဲ မေးနေခဲ့သည်။

ယွမ်းစွော်ကလည်း ဘာလုပ်ရမှန်းမသိတော့ပဲ လန့်နေခဲ့သည်။

စက္ကန့်အနည်းငယ်ကြာပြီးနောက် မိုရိချန်က သူ့မျက်နှာပေါ်တွင် တုန်လှုပ်နေတဲ့အမူအရာဖြင့် ကင်မရာရှေ့တွင် ပေါ်လာခဲ့သည်။ 

"လုံပေါ် အဘိုးမှာ ရောဂါဟောင်းရှိတာလား"

လုံပေါ်က စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။ 

"အဘိုး...အဘိုးက အမြဲတမ်း ကျန်းမာရေးကောင်းပါတယ်။ တခါတလေတော့ သူ့သွေးပေါင်က နည်းနည်းတက်တတ်တယ်"

တိကျတဲ့ရောဂါလက္ခဏာကိုမသိတာမို့ မိုရိချန်က အလွန်အကြူးမလုပ်ရဲဘဲ  အရေးပေါ်ကိုသာ ဖုန်းဆက်ခေါ်လိုက်သည်။

လုံပေါ်က ယွမ်းစွော်ကို နှုတ်ဆက်ရန် အချိန်မရှိတော့ပေ။ သူက တိုက်ခန်းထဲက အမြန်ထွက်ပြီး တက္ကစီတစ်စီးကို တားလိုက်ကာ သူ့တိုက်ခန်းထဲမှသာ စနစ်ကတစ်ဆင့် ပို့ပေးပြီး လက်တွေ့ကမ္ဘာကို ရောက်နိုင်တာကြောင့် သူ့တိုက်ခန်းကို တတ်နိုင်သမျှ အမြန်ပြန်ပြေးသွားခဲ့သည်။

လုံပေါ်ရဲ့နှလုံးသားက တစ်လမ်းလုံး ပူလောင်နေခဲ့ပြီး လူနာတင်ယာဉ်ထက် ခြေတစ်လှမ်းစောကာ ရောက်လာခဲ့သည်။

သူက ဂိမ်းထဲမှခုန်ထွက်ကာ အဝါရောင်ခွေးကြီးတစ်ကောင်အဖြစ်သို့ ပြန်ပြောင်းသွားခဲ့သည်။ သူ့ရဲ့စိုစွတ်နေတဲ့ နှာခေါင်းဖြင့် အဘိုးဖူရဲ့မျက်နှာကို ပွတ်သပ်ရင်း စိုးရိမ်တကြီး ဟောင်နေခဲ့သည်။

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now