အခန်း ၃၅

5.4K 1K 10
                                    

Raising You This Small Stuff

Unicode

အခန်း ၃၅: ဉာဏ်ကောင်းတဲ့ ဒူဒူ! (လုံပေါ်ရဲ့ပိုင်ရှင်)

နှစ်နာရီကြာပြီးနောက်။

မိုရိချန်ရဲ့ ကြော်ငြာလှုပ်ရှားမှုတွေက  ပြီးပြည့်စုံစွာအောင်မြင်သွားပြီဖြစ်သည်။

သူက စင်ပေါ်မှ ဆင်းလိုက်တာနှင့်တပြိုင်နက် စင်အနောက်တွင် စိတ်လှုပ်ရှားစွာစောင့်နေတဲ့ ချန်ကျောင်ကို မြင်လိုက်ရပြီး ချက်ချင်း ရှေ့သို့ လှမ်းခဲ့လိုက်သည်။

"ဘာဖြစ်လို့လဲ" 

မိုရိချန်က တစ်ခုခုတော့ ဖြစ်နေပြီဆိုတာကို ယောင်ဝါးဝါး မှန်းဆမိလိုက်သည်။

သေချာပေါက်ပင် ချန်ကျောင်က ပြောလာခဲ့သည်။ 

"အဘိုးဖူရဲ့ ရလဒ်တွေ ထွက်လာပြီလို့ ခန့်မင်က ဖုန်းဆက်ပြောလာတယ်။​ အခြေအနေက သိပ်မကောင်းဘူး။ သူ့အဆုတ်မှာရှိတဲ့ ပထမအဆင့်ကင်ဆာဆဲလ်တွေက သူ့ခန္ဓာကိုယ်အနှံ့ကို  ပျံ့နှံ့နေပြီ"

မိုရိချန်က နှစ်စက္ကန့်လောက် ငြိမ်သက်သွားပြီး ပြောလိုက်သည်။ "ငါတို့ဆေးရုံကို အခုချက်ချင်း သွားကြရအောင်" 

မိုရိချန် ဆေးရုံသို့ ရောက်တဲ့အခါ အဘိုးဖူရဲ့ မိသားစုကလည်း ရောက်နေခဲ့ပြီ။

သက်လတ်ပိုင်းအရွယ် စုံတွဲတစ်တွဲဖြစ်ပြီး အမျိုးသားမှာ လင်းပြည်နယ်တွင် အလုပ်လုပ်နေတဲ့  အဘိုးဖူရဲ့သား ဖူပင်းဖြစ်သည်။

အဘိုးဖူက ယခင်က သတိမေ့နေပေမယ့် သားဖြစ်သူ ပြန်လာခြင်းကြောင့်လားမသိ၊ ရုတ်တရက်နိုးလာခဲ့သည်။

သားဖြစ်သူရဲ့လက်ကို ကိုင်ကာ စကားအနည်းငယ်ပြောပြီးနောက် လုံပေါ်ကို အထဲခေါ်ခဲ့ဖို့ ပြောလိုက်သည်။

"အဖေ! အခု ဘယ်လိုအချိန်ဖြစ်နေပြီလဲ။ ဘာလို့ ဒီခွေးအကြောင်း တွေးနေရသေးတာလဲ" ဖူပင်းရဲ့မျက်လုံးတွေက နီရဲနေပြီး သူ့မျက်လုံးထောင့်ရှိ အရေးအကြောင်းတွေက သူ့ကို ရှိရင်းစွဲ အသက်ထက် နှစ်အနည်းငယ်ပိုကြီးတဲ့ ရုပ်ရည်ကို ဖြစ်စေသည်။ သူ့ဘေးမှာရပ်နေတဲ့ သူ့မိန်းမကလည်း သံယောင်လိုက်လိုက်သည်။ 

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now