အခန်း ၆၇

3.9K 846 14
                                    

Raising You This Small Stuff

Unicode

အခန်း ၆၇: မိုရိချန်ရဲ့ဒုတိယကတိ

ဒီလောက်တောင်ကြာနေပြီလား။ ဒူဒူ့ရဲ့ကိုယ်ရေးအကျဉ်းတွင် သူ့ရဲ့အသက်က ၂၂နှစ်ရှိပြီဖြစ်ပေမယ့် သူ ပျောက်သွားတုန်းက ၁၉နှစ်သာ ရှိသေးတာကြောင့် သုံးနှစ်ကြာသွားပြီလို့ အဓိပ္ပါယ်ရနေပြီး သူ့ရဲ့ကိုယ်ရည်ကိုယ်သွေးကလည်း ​ 'ကြောက်တတ်' မှ 'သတ္တိကောင်း'သို့ ပြောင်းနေခဲ့ပြီ။ သူ မတွေ့ခဲ့ရတဲ့ နေ့ရက်တွေမှာ ဘယ်လိုများ ဖြတ်သန်းခဲ့ရပါလိမ့်။

သို့သော် မိုရိချန်က ဒီမေးခွန်းတွေကိုတောင် မမေးနိုင်ခဲ့ပေ။ ထိုအခိုက်အတန့်တွင် သူက ဂိမ်းထဲမှထွက်လာတဲ့ ယွမ်းစွော်ကို သူ့ရင်ခွင်ထဲတွင် တင်းတင်းကြပ်ကြပ် ဖက်ထားခဲ့သည်။ သူဆုံးရှုံးသွားတဲ့အရာကို ရှာတွေ့နိုင်ခဲ့တာက ကံကြမ္မာရဲ့ အကြီးမားဆုံးလက်ဆောင် ဖြစ်သည်။

"ဝိုး ဒေါက်တာမို ဒီလူက ကမ္ဘာပေါ်မှာ မင်း အချစ်ဆုံးလူလို့ မင်းအမြဲပြောနေခဲ့တဲ့လူလား" ဂိမ်းအတွင်းမှနေကာ လူနှစ်ယောက် တစ်ယောက်ကို တစ်ယောက် ပွေ့ဖက်နေကြတာကို ကြည့်ရင်း ကလေးမလေးက မေးလိုက်သည်။

မိုရိချန်က သူ့ကို ပွေ့ဖက်ထားကာ မျက်ရည်တွေ ဝဲနေတာကြောင့် ယွမ်းစွော်က မရေမရာ တုံ့ပြန်မှုကို ပေးလိုက်သည်။

ကလေးမလေးက ဒါကို မကြားလိုက်ပေမယ့် မိုရိချန်ကတော့ ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ သူက မနေနိုင်တော့ဘဲ သူ့ကို ရင်ခွင်ထဲမှ ဆွဲထုတ်ကာ ပါးပြင်ကို ကိုင်ပြီး ပြင်းပြင်းထန်ထန်နမ်းရှိုက်လိုက်သည်။

ပူလောင်နေတဲ့အသက်ရှူသံတွေက ပူးကပ်သွားပြီး နှစ်ယောက်စလုံး အနည်းငယ် တုန်ယင်သွားကြသည်။ မိုရိချန်ရဲ့နှုတ်ခမ်းတွေက ဝိုင်နီအရသာရှိနေဆဲဖြစ်ပြီး ဒီလိုကိစ္စများဆို အမြဲတမ်း အလွန်အမင်းရှက်တတ်တဲ့ ဒူဒူက  ဝိုင်နီရဲ့အနံ့အရသာကြောင့် မီးရှို့ခံလိုက်ရကာ သူ့နှုတ်ခမ်းနှင့်လျှာကို ရစ်ပတ်ဖို့ အစပြုလာခဲ့သည်။ မိုရိချန်ရဲ့ ဦးနှောက်က ခဏလောက် ဗလာဖြစ်သွားပြီး နောက်မှ ခုခံတဲ့ဘက်လှည့်ကာ အနမ်းကို နက်ရှိုင်းလိုက်သည်။

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now