အခန်း ၆

6.9K 1.2K 16
                                    

Raising You This Small Stuff

Unicode

အခန်း ၆ : အရမ်းချောတာပဲ!

ယွမ်းစွော်ရဲ့မျက်လုံးတွေက အံ့သြမှုကြောင့် ဝိုင်းစက်သွားသည်။ 

မိုရိချန်ရဲ့လေသံက လေးနက်ပြီး နူးညံ့ပေမယ့် ဆုံးဖြတ်ထားပြီးသားကြောင့် ဒါက ကတိဖြစ်သည်။

"မင်း အလုပ်သွားလုပ်စရာမလိုဘူး။ အခုကစပြီး မင်းလိုတာအားလုံး ငါဝယ်ပေးမယ်။ငါ့အလုပ်က မပင်ပန်းတာကြောင့် မင်းက ငါ့ရဲ့ဝန်ထုပ်ဝန်ပိုး မဟုတ်ဘူး နားလည်ရဲ့လား"

ယွမ်းစွော်ရဲ့တုံးအတဲ့ဦးနှောက်လေးက အများကြီးတွေးကာ နားမလည်နိုင်မှာကြောင့် မိုရိချန်က တတ်နိုင်သမျှရှင်းအောင် အကောင်းဆုံးရှင်းပြဖို့ ကြိုးစားလိုက်သည်။

ယွမ်းစွော်ရဲ့ မျက်လုံးတွေက နီရဲလာကာ ကြောင်မျက်လုံးလိုလေးတွေမှ မျက်ရည်တွေ စီးကျလာသည်။

"မင်းနားလည်ရဲ့လား"

"ကျွန်တော်နားလည်ပါပြီ" ယွမ်းစွော်က တိုးတိုးလေး ရေရွတ်လိုက်သည်။

"ကောင်းပြီ မငိုနဲ့တော့ မစားချင်သေးဘူးလား" မိုရိချန်က သူ့ရှေ့မှာ တခြားသူတွေ ငိုတာကို မကြိုက်ပေ။ သို့သော် ယွမ်းစွော်ကို တားတာက ရွံရှာလို့မဟုတ်ပဲ ကျနေတဲ့မျက်ရည်စက်တွေက သူ့နှလုံးသားပေါ်ကို ကျနေသကဲ့သို့ ပူလောင်နေတာကြောင့် ဖြစ်သည်။

ယွမ်းစွော်က မျက်လုံးတွေကို အမြန်သုတ်ကာ ခေါင်းညိတ်ပြလိုက်သည်။

"အာ ကျွန်တော်စားချင်တယ်"

ဒင်!!!

[စနစ်၏အတည်ပြုချက် : elf၏ ချစ်ခင်နှစ်သက်မှုအဆင့် +50 ]

ဒီကောင်ငယ်လေးကတော့...ချော့ရလွယ်တာပဲ။ မိုရိချန်က စားစရာရဲ့အပြင်ဘက်အကာကို ဖွင့်ဖို့ ကူညီပေးခဲ့ပြီး စားပြီးနောက် သူ့လက်က ဆေးပတ်တီးကို ပြောင်းဖို့ထပ်ကူညီပေးခဲ့သည်။ဒဏ်ရာက ပြန်ကောင်းလာပြီး ပိုးဝင်တာတွေ မရှိပေ။ ပတ်တီးလဲပေးနေချိန်တွင် နာတဲ့အခါ အသံမထွက်မိအောင် သူ့နှုတ်ခမ်းကိုသာ တင်းတင်းဖိထားသည်။

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now