အခန်း ၆၂

4.2K 783 12
                                    

Raising You This Small Stuff

Unicode

အခန်း ၆၂: အမှောင်ထုအောက်မှ ဆူပွက်ခြင်း

ဖန်းကွေ့ရဲ့နောက်ဆုံးလှုပ်ရှားမှု သတင်းကို ရတဲ့အခါ ခန့်မင်က အတော်လေး ဇဝေဇဝါဖြစ်သွားခဲ့သည်။ မကြာသေးမီက သူက အံ့သြစရာကောင်းတဲ့ အလုပ်တစ်ခုကို တွေ့ရှိခဲ့သည်။ သူ့ညီမဆီမှာ ထပ်မံငိုကြွေးပြီး ဖန်းယာက အစ်ကိုဖြစ်သူရဲ့ အသနားခံမှုကို လျစ်လျူမရှုနိုင်တော့ဘဲ သူ့အကြွေးတွေဆီမှ ယာယီသက်သာရာရစေရန် သူမရဲ့ ကျန်သမျှ လစာအနည်းငယ်ကို ပေးကာ လစာအများကြီးမပေးသော်လည်း ဖိအားမရှိဘဲ အေးဆေးနေနိုင်တဲ့ ရေဒီယိုဌာနတစ်ခုတွင် အစောင့်အဖြစ် အလုပ်ရှာပေးခဲ့သည်။ 

လူတစ်ယောက်ရဲ့စရိုက်ကိုပြောင်းဖို့ထက် တောင်နဲ့မြစ်တွေကို ပြောင်းရတာ ပိုလွယ်တာမို့ ခန့်မင်က ဖန်းကွေ့ရဲ့အကျင့် ပြောင်းလဲသွားပြီလို့ မထင်ထားပေမယ့် သာမာန်ထက်ထူးပြီး ဘာမှမလုပ်လာဘဲ သူ့အသက်အန္တရာယ်ကို ခြိမ်းခြောက်မှု မရှိခဲ့တာကြောင့် လောလောဆယ်တော့ သူ ဘာမှဝင်စွက်ဖက်မှာ မဟုတ်ပေ။

လက်ထဲရှိ အချက်အလက်ကို ချကာ မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေတဲ့ ဖိုဖေးကို တစ်ချက်ကြည့်လိုက်သည်။ ဖိုဖေး ဒီအိမ်ကို ရောက်လာကတည်းက သူ အပြင်ကမှာစားတာ ရှားသည်။ သူက ဟင်းချက်ကောင်းသူ ဖြစ်ပြီး သူ့အမူအရာက မကြာခဏ ပြောင်းလဲတတ်တာမရှိပေမယ့် ခါးစည်းလေးဖြင့် ဟင်းချက်နေတဲ့  ပါးလျတဲ့ကျောပြင်လေးက နွေးထွေးလှသည်။

"ဒီနေ့က ဝက်သားနီချက်လား" 

ခန့်မင်က မွှေးရနံ့ကို ရနေပြီဖြစ်သည်။

ဖိုဖေးက သူ့လက်ထဲရှိယောင်းမကို ဝှေ့ယမ်းလိုက်ပြီး

 "ဟုတ်ကဲ့"

"ဒါပေမယ့် မင်းမနေ့က နံရိုးချိုချဉ်လုပ်မယ်လို့ မပြောခဲ့ဘူးလား"

 ခန့်မင်က မေးလိုက်သည်။

ဖိုဖေးက သူ့ခေါင်းကို လှည့်လာပြီး သူ့ကို ဗလာအကြည့်ဖြင့်ကြည့်ကာ စိတ်မပါ့တပါ့ပြောလိုက်သည်။ 

"ဒီနေ့ ဈေးထဲက နံရိုးတွေက သိပ်မလတ်ဘူး။ မနက်ဖြန်အတွက် သူဌေးဆီမှာ လတ်ဆတ်တဲ့ဟာ ကြိုမှာထားပြီးပြီ"

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now