အခန်း ၄၇

4.4K 869 16
                                    

Raising You This Small Stuff

Unicode

အခန်း ၄၇: အကပါတီနှင့် ဧည့်ခံပွဲ!

"မဖြစ်နိုင်လောက်ပါဘူး မိုရိချန်က တစ်ယောက်ယောက်ကို ဒီကိုခေါ်လာတာလား"

"သူ့မှာ အမျိုးသမီးအဖော်မရှိဘူးလို့ ပြောထားတာမဟုတ်ဘူးလား" 

သူတို့က ဆွေးနွေးမှုများကြားတွင် စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့ကြသည်။ သို့သော် မိုရိချန်က တစ်စုံတစ်ဦးကို ကားပေါ်မှ ဆင်းလာဖို့ ကူညီပေးနေတာကို တွေ့လိုက်ရတော့ ခဏလောက် အေးခဲသွားခဲ့ကြသည်။ အဲဒါက... ယောက်ျားလေးတစ်ယောက်ဖြစ်ပြီး သူက မျက်နှာဖုံးလည်း စွပ်ထားပြီးနေပြီ။ ငွေရောင် ရှေးဟောင်းစတိုင်မျက်နှာဖုံးက သူ့မျက်နှာတစ်ဝက်ကို ဖုံးအုပ်ထားပေမယ့် သူ့ရဲ့နူးညံ့သိမ်မွေ့တဲ့ မေးစေ့လေးနှင့် စိုစွတ်နေတဲ့နှုတ်ခမ်းတွေကို လူတိုင်း မြင်နိုင်ကြသေးသည်။ သူ့ရဲ့အသွင်အပြင်က တောက်ပနေပြီး နူးညံ့ကာ ချစ်စရာလည်း ကောင်းနေခဲ့သည်။ ဆယ်ကျော်သက်လေးက မိုရိချန်ရဲ့ဘေးကို ကပ်သွားကာ အနည်းငယ် စိတ်လှုပ်ရှားနေရင်း သူ့ရဲ့ အင်္ကျီလက်တွေကို ကိုင်ထားချင်ပုံပေါ်နေပြီးနောက် နောက်ပြန်ဆုတ်သွားတာကို တွေ့လိုက်ကြရသည်။

"ရိချန် မင်း အချိန်ကိုက်ရောက်လာတာပဲ" ချန်စန်းက နှုတ်ဆက်သလို ပြောလိုက်ပေမယ့် သူ့နှုတ်ခမ်းထောင့်ရှိ အပြုံးက အနည်းငယ်  ဝန်လေးနေခဲ့သည်။

မိုရိချန်က ခေါင်းညိတ်ပြကာ  နှုတ်ဆက်လိုက်သည်။

ချန်စန်းက ယွမ်းစွော်ကို တစ်ချက်ထပ်ကြည့်လိုက်သည်။ ကားထဲက ဆင်းလာချိန်မှာ လူငယ်လေးရဲ့ အသွင်အပြင်ကြောင့် သူ အံ့သြခဲ့ရပေမယ့် သူ့ကို အနီးကပ်မြင်လိုက်ရတော့ ပိုလို့တောင် ရင်သပ်ရှုမော ဖြစ်သွားခဲ့ရသည်။ သူ့မျက်နှာတစ်ဝက်ကို ဖုံးထားတာတောင်မှ လူတွေက သူတို့ရဲ့မျက်လုံးတွေကို မခွာနိုင်ကြသေးပေ။ 

"ဒါက...ဒူဒူလား"

ယွမ်းစွော်က ချန်စန်းကို မှတ်မိပြီး အမြန်နှုတ်ဆက်လိုက်သည်။ 

"မင်္ဂလာပါ ချန်စန်း"

ချန်စန်းက မိုရိချန်နှင့် ယွမ်းစွော်တို့ကို အထဲသို့ ဦးဆောင်ခေါ်လာခဲ့သည်။ လမ်းတလျှောက်တွင် လူတွေက ယွမ်းစွော်ကို လှမ်းကြည့်နေကြပြီး သူ စိတ်လှုပ်ရှားနေတာကို ခံစားမိတာကြောင့် မိုရိချန်က သူ့လက်ကို ယွမ်းစွော်ရဲ့ ခါးနောက်ကျောတွင် အသာလေးတင်လိုက်ပြီး နူးညံ့စွာ ပြုံးပြလိုက်သည်။ 

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now