အခန်း ၁၃

6K 1.1K 18
                                    

Raising You This Small Stuff

Unicode

အခန်း ၁၃ : မိုရိချန် မင်းအတွက်ပါ

နောက်ဆုံးတွင် လူအုပ်စုက အသားကင်ရဲ့ရနံ့ကြောင့် ဆွဲဆောင်ခံလိုက်ရပြီး ယာယီစစ်ပြေငြိမ်းဖို့ ဆုံးဖြတ်ကြလိုက်သည်။ 

လူတိုင်းက မတ်တပ်ထရပ်ကာ စားပွဲဆီ လျှောက်လာကြရင်း ကျန်းမူယုက ခြေတစ်ဖက်က သဘာဝမကျစွာ လမ်းလျှောက်လာပြီး လဲကျမှာစိုးတာကြောင့် ချန်စန်းက ဘေးမှ မသိမသာကပ်လိုက်နေခဲ့တာကို မိုရိချန်က သတိပြုမိလိုက်သည်။

ကျန်းယွမ်က စားစရာထဲ ခေါင်းမြုပ်နေကာ သူဆုံးရှုံးခဲ့ရတာတွေကို ပြန်ယူမယ်လို့ အော်ဟစ်နေပြီး ကုလင်းက သူ့ကောင်မလေးကို ကြက်တောင်ပံထဲက အရိုးတွေကို ဖယ်ပေးနေခဲ့ကာ ချန်စန်းကလည်း ကျန်းမူယုရဲ့ ဘေးတွင် ပျူငှာရင်း အလုပ်များနေခဲ့သည်။

ကျန်းမူယုက နှစ်ကိုက်လောက်စားပြီး မိုရိချန်နဲ့ နှစ်ယောက်တည်းသာ ကြားနိုင်တဲ့ အသံဖြင့် မေးလာခဲ့သည်။ 

"ရိချန် မင်းချစ်မိနေပြီလား"

မိုရိချန် : "မဟုတ်ပါဘူး ဘာ​လို့မေးတာလဲ"

ကျန်းမူယုက ပြုံးပြီး ပြောလိုက်သည်။ "အလိုလိုသိစိတ်လေ။ ဒီကိုရောက်လာကတည်းက မင်းက မင်းရဲ့ဖုန်းနဲ့ပဲ ကစားနေခဲ့ပြီး ဒီလို စိတ်အေးလက်အေးအမူအရာမျိုးကို မင်းရဲ့ရုပ်ရှင်တွေထဲမှာတောင် မတွေ့ခဲ့ဖူးဘူး "

မိုရိချန်က အံ့သြသွားပြီး ပြောလိုက်သည်။ "တကယ်လား"

"ဟုတ်တယ်။ တစ်ခါတစ်လေကျရင် မင်းက အခြေအနေရဲ့အလည်မှာ ရှိနေပေမယ့် မင်းကိုယ်မင်းတောင် မသိတဲ့အရာတွေရှိတယ်"

 ကျန်းမူယုက သက်ပြင်းချလိုက်သည်။

ထို့နောက် အသားပြားအကင်တွေနဲ့ ပြေးလာတဲ့ ချန်စန်းက အော်ခေါ်လိုက်တာကြောင့် စားပွဲက ပြန်လည်အသက်ဝင်လာသည်။

အသားကင်စားပြီးနောက် လူတိုင်းက အနည်းငယ်စီ သောက်ကြသည်။ ကုလင်းက သူ့ကောင်မလေးကို အိမ်ပြန်ပို့ပေးပြီး ကျန်းယွမ်ကို သူ့ယာဥ်မောင်းသမားက ပြန်ပို့ပေးကာ ကျန်းမူယုကိုလည်း ချန်စန်းက ဟိုတယ်သို့ ပြန်ခေါ်ပေးသွားခဲ့သည်။

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now