အခန်း ၆၀

4.3K 854 15
                                    

Raising You This Small Stuff

Unicode

အခန်း ၆၀: ဒူဒူ့ရဲ့ပထမဆုံးအင်တာဗျူး

မိုရိယန် ဆေးရုံက ဆင်းပြီး အချိန်အတော်ကြာတဲ့အထိ မိုရိချန်ရဲ့ လက်ထောက်က သူ့ရာထူးကို ပြန်မရောက်သေးပေ။ ရုပ်ရှင်ဧကရာဇ်က ခန့်မင်ကို သူ့အတွက် သင့်တော်တဲ့ လက်ထောက်ကူရှာပေးဖို့ အကြောင်းကြားထားပြီးသားဖြစ်သည်။

"ချန်ကျောင်က အနာဂတ်မှာ သီချင်းဆိုတော့မှာလား။ အဲ့ဒါကြောင့် သူဒီကို အလုပ်လာမလုပ်တော့တာလား" ယွမ်းစွော်က ချန်ကျောင်ကို ရိုက်ကွင်း၌ ရက်အနည်းငယ်ကြာအောင် မတွေ့ရတာကြောင့် အနည်းငယ် စိတ်မသက်မသာဖြစ်နေတုန်းပင်။

မိုရိချန်က သစ်သီးပန်းကန်ပြားကို ကော်ဖီစားပွဲပေါ်တင်ကာ သူ့ဘေးတွင် ဝင်ထိုင်လိုက်ပြီး 

"ချန်ကျောင်ရဲ့ ဂီတခရီးလမ်းက အနာဂတ်မှာ ပိုပိုကောင်းလာတော့မှာလေ။ ဒါကြောင့် ကိုယ်တို့ကို ထားခဲ့တာက ကောင်းတဲ့အရာပဲ။ ဒါပေမယ့်..."

"ဒါပေမယ့် ဘာလဲ"

 မှတ်ချက်တွေကို ပြန်ဖြေပေးနေတဲ့ ယွမ်းစွော်ရဲ့ လက်ချောင်းတွေက ရပ်သွားခဲ့သည်။

"ဒါပေမယ့် သူ ပိတ်မိနေတာကြောင့် အခုလောလောဆယ် အလုပ်မလုပ်နိုင်သေးဘူး"

"ပိတ်မိနေတာလား" 

ယွမ်းစွော်က အနည်းငယ်စိုးရိမ်သွားပြီး 

"အဲဒါကအန္တရာယ်ရှိလား"

မိုရိချန်က ပြုံးလိုက်ရင်း သူ့မျက်လုံးတွေက ရုတ်တရက် အန္တာရယ်ရှိတဲ့အလင်းရောင်နှင့် ကျဉ်းသွားကာ 

"ဒါက နည်းနည်းတော့ အန္တရာယ်များတယ်" 

ထိုသို့ ပြောပြီးနောက် သူ့ခန္ဓာကိုယ်ကို ရှေ့ကို ရွှေ့လိုက်သည်။ သူ့အသက်ရှုသံရဲ့အပူကို ခံစားလိုက်ရသဖြင့် ယွမ်းစွော်ရဲ့ နားတွေက ပူလာခဲ့သည်။ ရှက်ရွံ့စွာ နောက်ပြန်ဆုတ်ရင်း သူ့လည်ပင်းလေးက မဝံ့မရဲ ကျုံ့သွားခဲ့သည်။

"ဒါဆို...ဒါဆို ကျွန်တော်တို့ ကူညီရမှာလား"

 ယွမ်းစွော်က မိုရိချန်ရဲ့'အန္တရာယ်များ'တယ်ဆိုတာရဲ့ ဆိုလိုရင်းကို နားမလည်သေးပေ။

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now