အခန်း ၇၆

3.3K 583 9
                                    

Raising You This Small Stuff

Unicode

အခန်း ၇၆: အမူးသမားဒူဒူ~

စုရီရဲ့ ဂုဏ်ပြုညစာစားပွဲကို Michelin အဆင့်မြင့်စားသောက်ဆိုင်မှာ ကျင်းပခဲ့သည်။

လုံပေါ်က စားသောက်ဆိုင်ကို ရောက်တဲ့အခါ သူ့မေးရိုးက စားပွဲပေါ်ကို ပြုတ်ကျသွားခဲ့သည်။ 

"ငါအပြင်မှာ သုံးပတ်လောက် ပတ်သွားခဲ့ပေမယ့် နာမည်တူဆိုင်ကို ရှာမတွေ့တာကြောင့် ဒီထဲကိုပဲ သတ္တိရှိရှိနဲ့ဝင်လာခဲ့လိုက်တာ။ အရမ်းကပ်စေးနဲတတ်တဲ့ မင်းက မထင်မှတ်ဘဲ ဒီလောက်ရက်ရောလိမ့်မယ်လို့ မမျှော်လင့်ထားဘူးဟ...အို့! မင်းက ဘာလို့ ငါ့ခေါင်းကို ထပ်ပြီးရိုက်ရပြန်တာလဲ!"

စုရီက အံကြိတ်ရင်း 

"ခွေးခေါင်းလေ ရိုက်ခံရတာကို ခံနိုင်ရည်ရှိရမှာပေါ့!"

"လူတွေကို ရိုက်နှက်တာက ဥပဒေနဲ့ မညီဘူး!ခွေးကိုရိုက်တာလည်း ဥပဒေနဲ့ မညီဘူးဟ!"

"ဟီး...ဟီး"

ဖိုဖေးက သူတို့ရဲ့အဖွဲ့လေးတွင် ပါဝင်ထားပြီးဖြစ်ပေမယ့် အနည်းငယ် အဆင်မပြေသေးတာကြောင့် အသံမထွက်ဘဲ ဖြစ်စဥ်ကိုသာ ကြည့်နေခဲ့သည်။

တစ်ဖက်တွင်တော့ ယွမ်းစွော်က အလွန်လေးနက်တဲ့ မျက်နှာဖြင့် ဖုန်းကို ကိုင်ကာ စုရီရဲ့ 'အကြမ်းဖက်မှု'ကို မှတ်တမ်းတင်နေပြီး မိုရိချန်ဆီ ပေးပို့နေခဲ့သည်။

"ဟေး အသေးလေး မင်း ဘာလုပ်နေတာလဲ!" 

ယွမ်းစွော်က လုံပေါ်ထက် အသက်နှစ်နှစ်ကြီးနေပေမယ့် လုံပေါ်က ဒီနာမည်ကို ခေါ်ရတာ တကယ်ကို အဆင်ပြေနေခဲ့သည်။

လုံပေါ်က သူ့ကို အော်ပြောလိုက်တော့ ယွမ်းစွော်ရဲ့လည်ပင်းက ကျုံ့သွားခဲ့သည်။ "ဘာမှမဟုတ်ပါဘူး မင်းတို့ ဆက်ရန်ဖြစ်ကြလေ"

ဖိုဖေးက လှမ်းကြည့်လိုက်တော့ ယွမ်းစွော်ရဲ့ ဖုန်းဖန်သားပြင်ကို သူ့မျက်လုံးတွေက အမှတ်မထင် ရောက်သွားပြီး မေးလိုက်သည်။ 

"မင်း ဒါကို မိုရိချန်ဆီ ပို့နေတာလား"

"အာ ဟုတ်တယ်" 

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now