အခန်း ၃၃

5.8K 1K 7
                                    

Raising You This Small Stuff

Unicode

အခန်း ၃၃: စနစ်ပြန်လည်ရယူခြင်း

မိုရိချန်က ယွမ်းစွော်ကို ကျောပိုးကာ ပြန်လာခဲ့သည်။

မိုရိချန်က ခြောက်နာရီထိုးပြီးနောက် ယွမ်းစွော်ကဂိမ်းထဲသို့ ပြန်ဝင်ရမယ်လို့ တွေးလိုက်တိုင်း နောင်တရနေမိတာက မလွဲမသွေပင်ဖြစ်သည်။

ယွမ်းစွော်ကလည်း အလွန်တုံ့ဆိုင်းနေပုံ ရသည်။ သူ့မေးလေးကို မိုရိချန်ရဲ့ပုခုံးပေါ် တင်ထားကာ ခေါ်လိုက်သည်။ 

"မိုရိချန်"

"ဟင်"

"မနေ့ညက ဖြစ်ခဲ့တာတွေက ကျွန်တော့်အမှားပါ။ အတန်းဖော်တွေက ကျွန်တော့်ကို 'ရေတပ်' နဲ့ 'ပက်ဖြန်းတယ်'ဆိုတာတွေကို ရှင်းပြကြတယ်။ အဲ့ဒါကဆိုးတဲ့ကိစ္စတစ်ခုဖြစ်ပြီး အဲဒါကိုလုပ်ပြီးလူတိုင်းကို ဒုက္ခပေးခဲ့မိမှန်း ကျွန်တော်သိသွားပါပြီ။ ကျွန်တော် ထပ်မလုပ်တော့ပါဘူးလို့ ကတိပေးပါတယ် ကျွန်တော်တောင်းပန်ပါတယ်"

မိုရိချန်က ယွမ်းစွော်ရဲ့စကားကို တိတ်တိတ်လေး နားထောင်နေပြီး သူပြောပြီးတာနှင့် သူ့ကို ကြည့်ဖို့ ခေါင်းကို လှည့်လိုက်သည်။

"တောင်းပန်စရာမလိုပါဘူး။ တကယ်တော့ ငါ မင်းကို အပြစ်မတင်ပါဘူး။ ဒေါသအရမ်းထွက်ရတဲ့အကြောင်းရင်းက မင်းက လိမ်လည်လှည့်စားရတာ လွယ်လွန်းတာကြောင့်ပဲ။  မင်း ဒီအတိုင်းသာ ဆက်နေရင်  အနှေးနဲ့အမြန် မင်း ရောင်းစားခံတော့မှာ။ ဒါဆိုရင် ငါ ဘာလုပ်ရမလဲ"

မိုရိချန်ရဲ့စကားတွေကို နားထောင်ပြီးနောက် ယွမ်းစွော်က အချိန်အတော်ကြာထိ အသိစိတ်ပြန်မဝင်တော့ဘဲ ရုတ်တရက် သူ့နှလုံးခုန်သံတွေ ပြင်းထန်စွာ ခုန်လာခဲ့သည်။

မိုရိချန်က လမ်းထောင့်သို့ လျှောက်လာစဉ်မှာပဲ သူ့အိတ်ကပ်ထဲမှ ဖုန်းကအသံတစ်ခု ထွက်လာခဲ့သည်။

ဒင်!

တစ်ချိန်တည်းမှာပဲ နှစ်ယောက်လုံးက ဂိမ်းကထွက်တဲ့အသံ ဖြစ်တယ်ဆိုတာကို  နားလည်သွားကြသည်။ မိုရိချန်က နှောင့်နှေးမနေဘဲ လက်တစ်ဖက်က ယွမ်းစွော်ကို ခိုင်မာစွာကိုင်ထားရင်း နောက်လက်တစ်ဖက်ကို ဖုန်းအား အမြန်ထုတ်ယူဖို့ အသုံးပြုလိုက်သည်။ 

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now