အခန်း ၄၀

5.4K 959 39
                                    

Raising You This Small Stuff

Unicode

အခန်း ၄၀: 'Poo'ပုံ သစ်သားထွင်းခြင်း။

နာရီဝက်ကြာပြီးနောက် အေဘယ်လ်က ပရုတ်သစ်သားမှ အသက်ဝင်လှတဲ့ မြင်းရုပ်လေးကို ထွင်းထုနေစဉ် ယွမ်းစွော်က ကျောက်ခုံပေါ်ရှိ သူ့နေရာလေးမှ အံ့အားသင့်စွာ ကြည့်နေခဲ့သည်။

ယွမ်းစွော်က တံတွေးမြိုချလိုက်သည်။ "အရမ်း...အရမ်းအစွမ်းထက်တာပဲ" ထို့နောက် သူ့ကျောင်းလွယ်အိတ်အတွင်းရှိ မီးဖိုချောင်သုံးဓားကို ငုံ့ကြည့်လိုက်ပြီး အေဘယ်လ်ရဲ့ရှေ့မှာ ခင်းကျင်းထားတဲ့ ပရော်ဖက်ရှင်နယ် ကိရိယာတန်ဆာပလာတွေကို ကြည့်လိုက်သည်။ သစ်သား၊ လက်မှုပညာဓား၊ အလျားလိုက်ဓားနှင့် သူလုံးဝမမှတ်မိတဲ့ အခြားကိရိယာအချို့အားလုံးပင်... ထပ်ပြီး တံတွေးမြိုချလိုက်မိသည်။

"ဒူဒူ နို့လက်ဖက်ရည်သောက်လိုက်ဦး" အယ်လ်နီက နို့လက်ဖက်ရည်ခွက်လေးက အောက်ခြေပဲ ကျန်တော့တာကို မြင်တော့ သူမက သူ့အတွက် နည်းနည်း လောင်းထည့်ပေးလိုက်ပြီး သောက်ကြည့်ဖို့ တိုက်တွန်းလိုက်သည်။

ဒါပေမယ့်... ဒါက နာရီဝက်အတွင်းမှာပဲ ခြောက်ခွက်မြောက် ခွက်ဖြစ်နေပြီ။ ယွမ်းစွော်က ဘယ်လိုငြင်းရမှန်း မသိတာကြောင့် နာခံစွာဖြင့် သောက်လိုက်ရုံသာရှိပြီး နို့လက်ဖက်ရည်က တကယ်ကို အရသာရှိတယ်ဆိုတာ သူထပ်ခါထပ်ခါ အသိအမှတ်ပြုလိုက်ပြီး အယ်လ်နီဆီမှ စိတ်ကျေနပ်သွားတဲ့အပြုံးကို လက်ခံရရှိလိုက်သည်။

အေဘယ်လ်က ယွမ်းစွော်ရဲ့မျက်လုံးထဲရှိ သံသယကို မြင်ပေမယ့် ဘာမှမရှင်းပြခဲ့ပေ။

အသက်ဝင်လှတဲ့သစ်သားမြင်းလေးကိုကြည့်ရင်း အေဘယ်လ်ရဲ့ ပြောင်မြောက်လှတဲ့ သစ်သားထွင်းကျွမ်းကျင်မှုက ယွမ်းစွော်ကို လွှမ်းမိုးသွားရင်း သူက လှိုက်လှိုက်လှဲလှဲ ချီးကျူးလိုက်သည်။

"...အဘိုး အဘိုးက အရမ်းတော်တာပဲ"

အေဘယ်လ်က သစ်သားမြင်းလေးကို ယွမ်းစွော်ရဲ့လက်ထဲ ထည့်ပေးလိုက်ပြီး ထရပ်လိုက်သည်။ အေဘယ်လ်ထသွားတာကို မြင်တော့ ယွမ်းစွော်က နောက်ကအမြန်လိုက်သွားကာ အေဘယ်လ်ရဲ့ Qဗားရှင်းက သူ့ရဲ့လည်တိုင်လောက်သာ ရှိတာကို တွေ့လိုက်ရပေမယ့် အရှိန်အဟုန်ကတော့ လုံးဝအားမနည်းပေ။

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now