Extra 1

4.2K 646 13
                                    

Raising You This Small Stuff

Unicode

Extra (1)

"စိတ်ဒုက္ခရောက်ခဲ့ရတဲ့အချိန်တွေ" အောင်မြင်စွာပြီးဆုံးသွားခဲ့ပြီ။

မိုရိချန်နှင့် ယွမ်းစွော်တို့က 'အဆင့်ပြည့်' ပြဿနာကို ဖြေရှင်းပြီးခဲ့တာ ခြောက်လနီးပါးရှိနေပြီဖြစ်သည်။

ထိုခြောက်လအတွင်းတွင် ချန်ကျောင်နှင့် မိုရိယန်တို့ရဲ့relationshipက ကောင်းချီးများစွာရရှိခဲ့ပြီး ချန်ကျောင်ရဲ့ ကျော်ကြားမှုက ပိုတိုးလာကာ ဂီတနယ်ပယ်တွင် သူ့ရဲ့ရပ်တည်ချက်က ပိုပြီး ခိုင်မာလာခဲ့သည်။

ဒီနေ့က မေမေမိုရဲ့မွေးနေ့ဖြစ်တာကြောင့် သူမရဲ့သားသုံးယောက်စလုံးက သူတို့ရဲ့ချစ်သူတွေကို ပါဝင်ဆင်နွှဲကြဖို့ အိမ်သို့ ခေါ်လာခဲ့ကြသည်။

မိုရိချန်က ယွမ်းစွော်နှင့်အတူ ရောက်ရှိလာတဲ့အခါ မိုရိယန်နှင့် ချန်ကျောင်တို့က မေမေမိုနှင့်အတူ မာကျောက်ကို အကြိမ်ပေါင်းများစွာ ကစားခဲ့ပြီးပြီဖြစ်ကာ ညီအစ်ကိုနှစ်ယောက်လုံး မျှော်လင့်ထားသည့်အတိုင်းပင် သူတို့က မေမေမို စိတ်ကျေနပ်စေရန် တူညီသည့်နည်းလမ်းကို အသုံးပြုခဲ့ကြသည်။ မေမေမိုက ငွေများစွာနိုင်ခဲ့ပြီး  စိတ်ကျေနပ်စွာဖြင့် သူမရဲ့ အိတ်ကပ်ကို ပုတ်လိုက်သည်။

မိုရိရှုက သူ့ကောင်မလေးကို နိုင်ငံခြားက ပြန်ခေါ်လာခဲ့သည်။ သူမရဲ့နာမည်မှာ လင်းယင်းရွှယ်ဖြစ်ပြီး နက်နဲတဲ့မျက်နှာသွင်ပြင်ရှိကာ အလွန်အရပ်ရှည်ပြီး ဥရောပသွေးလေးပုံတစ်ပုံပါရှိသူဖြစ်သည်။

မေမေမိုက အစပိုင်းတွင် ပြုံးနေသော်လည်း လင်းယင်းရွှယ်ရဲ့လက်ကို ခဏလောက် ပွတ်သပ်ပြီးနောက် သူမရဲ့မျက်လုံးတွေထဲတွင် သံသယအရိပ်အမြွက်တစ်ခု ရုတ်တရက်ပေါ်လာခဲ့သည်။

မိုရိရှုက သူမရဲ့အပြောင်းအလဲကို သတိပြုမိပြီး လင်းယင်းရွှယ်က မသင့်လျော်တဲ့ စကားလုံးအချို့ကို ပြောမိတာကြောင့် ဖြစ်တယ်လို့ ထင်လိုက်သည်။

"မေမေ ယင်းရွှယ်က နိုင်ငံခြားမှာ ကြီးပြင်းလာတဲ့အတွက် သူ့တရုတ်စကားက သိပ်မကောင်းသလို တစ်ခါတလေ အသုံးအနှုန်းတွေမှာ ကွဲလွဲမှုတွေ ရှိနေတတ်တယ်" 

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now