အခန်း ၄၄

4.9K 940 19
                                    

Raising You This Small Stuff

Unicode

အခန်း ၄၄: သူ့အိပ်မက်ထဲက သီချင်း!

"ဒူဒူ မင်းအလှည့်လေ" 

မိုရိချန်က သတိပေးလိုက်သည်။

ယွမ်းစွော်က အာရုံပြန်ဝင်လာပြီး ပါးစပ်မှ လွှတ်ခနဲထွက်သွားခဲ့သည်။ 

"ကောင်းပါပြီ" 

မိုရိချန်: "....."

"မဟုတ်ပါဘူး...ကျွန်တော်...ကျွန်တော် ပြောချင်တာက တောင်းပန်ပါတယ်။ အမ် ကျွန်တော် တောင်းပန်တာမဟုတ်ပါဘူး။ တောင်းပန်ပါတယ်... ကျွန်တော်" ယွမ်းစွော်က သူ့ဘာသာ လုံးလုံးရှုပ်ထွေးသွားကာ နီရဲနေခဲ့သည်။

မိုရိချန်က မကြင်နာစွာပင် ကျယ်ကျယ်လောင်လောင် ရယ်မောလိုက်ပြီး သူ့လက်ကို ဆန့်တန်းကာ ယွမ်းစွော်ရဲ့နဖူးကို တောက်လိုက်သည်။ "အခု စာသားတွေ ပြောဖို့  မင်းအလှည့်ရောက်ပြီ" 

မိုရိချန်က အရင်ကလည်း ဒီလို မကြာခဏလုပ်လေ့ရှိပေမယ့် ဖန်သားပြင်မှ တစ်ဆင့်သာဖြစ်ပြီး ယခုအခါမှာတော့ သူ့ရဲ့လက်ချောင်းထိပ်က အပူချိန်ကို ရှင်းရှင်းလင်းလင်းခံစားခဲ့ရပြီး ယွမ်းစွော်က မနေနိုင်တော့ဘဲ သူ့လည်ပင်းကို ကျုံ့လိုက်မိသည်။

ရှည်လျားတဲ့စာ​သားတွေကို ကြည့်ရင်း ယွမ်းစွော်က တံတွေးမြိုချလိုက်ကာ သူ့မျက်နှာက မျက်နှာပူလာခဲ့ပေမယ့် သူ အခု လုပ်ခဲ့မိတဲ့ အမှားကြောင့်လား ဒါမှမဟုတ် မိုရိချန်ရဲ့ 'ဝန်ခံချက်'ကြောင့်လား သူ မသိပေ။

"ငါ မင်းကို ပထမဆုံး...ပထမဆုံး တွေ့ခဲ့တာက"

မိုရိချန်က သူ့ကို ထပ်ပြောလိုက်သည်။ "ငါ့မျက်လုံးတွေကို ကြည့်ပြီး ငါ့ကို ဒီကမ္ဘာပေါ်မှာ မင်းသဘောအကျဆုံးလူအဖြစ် စိတ်ကူးကြည့်"

ယွမ်းစွော်က သူ့မျက်လုံးတွေကို မော့ကြည့်လိုက်ပြီး မျက်လုံးလေးလုံးက မျက်နှာချင်းဆိုင်နေကြသည်။

တကယ်တော့ သူ အဲဒါကို စိတ်ကူးယဉ်ဖို့ မလိုပေ။ မိုရိချန်က ဒီကမ္ဘာပေါ်မှာ သူသဘောအကျဆုံး လူပဲလေ!

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now