အခန်း ၆၉

4K 705 13
                                    

Raising You This Small Stuff

Unicode

အခန်း ၆၉: ဒူဒူနှင့် သူ၏ယောက္ခမ

နှစ်သစ်ကူးပထမနေ့။

အရပ် ၆ပေ၂လက်မရှိတဲ့ မိုရိယန်က လူနှစ်ယောက်ထိုင်ဆိုဖာပေါ်တွင် တစ်ညလုံး ကွေးကွေးလေး အိပ်ခဲ့ရသည်။ တိုက်ခန်းရှိ အပူပေးစနစ်က သိပ်မကောင်းဘဲ ဧည့်ခန်းအပူချိန်မှာ ညဘက်တွင် သိသိသာသာ လျော့နည်းသွားသည်။ မနေ့ညက တရုတ်နှစ်သစ်ကူးပွဲတော်က တီဗီတွင် ပြန်လာနေပြီး ပြတင်းပေါက်အပြင်ဘက်မှ မီးရှူးမီးပန်းပစ်ဖောက်သံတွေကို ရံဖန်ရံခါ ကြားနေရသည်။

အိပ်ရတဲ့အနေအထားက အဆင်မပြေတာကြောင့် သူ့လည်ပင်းက တောင့်တင်းနေခဲ့သည်။ ထိုရလဒ်အနေဖြင့် ထထိုင်လိုက်တော့ သူ့ခန္ဓာကိုယ်တစ်ဝက်လောက်က ထုံကျင်နေတာကို တွေ့ရှိခဲ့ပေမယ့် ခန္ဓာကိုယ်ပေါ်ရှိ စောင်တစ်ထည်က ချော်ထွက်ကာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားတဲ့အခါ အံ့အားသင့်သွားခဲ့သည်။ ကောက်ကိုင်လိုက်တော့ သူ့ခန္ဓာကိုယ်အပူဓာတ် ရှိနေတုန်းဆဲပင်: ချန်ကျောင်က သူ့ကို ခြုံပေးဖို့ ညလယ်လောက်မှာ ထွက်လာခဲ့တာဖြစ်ရမည်။

ဒါကို တွေးနေရင်းနဲ့ မိုရိယန်ရဲ့ အေးစက်တဲ့ မျက်နှာပေါ်မှာ မှိန်ဖျော့တဲ့အပြုံးတစ်ခု ပေါ်လာခဲ့သည်။ သူ့လည်ပင်းကို ချိုးလိုက်ရင်း သူ့အရိုးတွေ ဆန့်ထုတ်နေစဥ် အိပ်ခန်းတံခါးက ပွင့်လာခဲ့သည်။

ချန်ကျောင်က မနေ့ညက အဝတ်အစားများကို ၀တ်ဆင်ထားဆဲဖြစ်ပြီး ညအိပ်ဝတ်စုံကို မပြောင်းထားပေမယ့် မနေ့ညက သေချာအနားယူမရသေးသလို အနည်းငယ် ပင်ပန်းနေပုံရသည်။

"မင်္ဂလာနံနက်ခင်းပါ" 

မိုရိယန်က ရေချိုးခန်းကို လက်ညှိုးထိုးပြရင်း စကားအရင်စပြောလိုက်သည်။ 

"ကိုယ် အဲဒီမှာ ခဏလောက် သန့်ရှင်းရေးလုပ်လို့ရမလား"

ချန်ကျောင်က ခဏတုံ့ဆိုင်းသွားပြီး ဖြေလိုက်သည်။ 

"ဟုတ်ကဲ့"

"အင်း ကိုယ်က သွားမတိုက်ဘဲ မနက်စာ မစားဖူးဘူးလေ" 

မိုရိယန်က အလွန်ရိုးရှင်းတဲ့နည်းဖြင့်  ဒီနေရာမှာ နောက်ထပ်မနက်စာစားချင်သည်ဟု ထုတ်ဖော်လိုက်သည်။

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now