Extra 2

5.3K 614 20
                                    

Raising You This Small Stuff

Unicode

Extra (2)

၂၀၀၉ခုနှစ် ခရစ္စမတ်။

ပခုံးပေါ်ကျနေတဲ့နှင်းပွင့်တွေ၊ လမ်းဘေးဆိုင်ရဲ့ ပြတင်းပေါက်တွေမှ ဆန်တာကလော့စ် စတစ်ကာတွေ၊ မှိတ်တုတ်မှိတ်တုတ် မီးရောင်စုံတွေနှင့် ခရစ္စမတ်သစ်ပင်အကြီးအသေးတွေ....

ချန်ကျောင်က ကျောင်းအနီးရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် အချိန်ပိုင်းအလုပ်ပြီးသွားတော့ လက်ထဲတွင် ပူပူနွေးနွေးဘန်းမုန့်နှစ်ထုပ်ကို ကိုင်ကာ သူ့အိပ်ဆောင်ဆီသို့ ပြန်ပြေးလာခဲ့သည်။

အိပ်ဆောင်မှာ ဘယ်သူမှမရှိပေ။ သူ့အခန်းဖော် နှစ်ယောက်က ရည်းစားတွေနှင့် အပြင်ထွက်လည်ကြပြီး ကျန်တဲ့သူကတော့ ပါတီသွားဖို့ သူငယ်ချင်းနှင့် သွားတွေ့နေသည်။

ချန်ကျောင်ရဲ့မိဘတွေက စောစောစီးစီး ကွယ်လွန်သွားခဲ့တာကြောင့် ဆယ်ကျော်သက်အရွယ်တွင် အားလပ်ရက်များစွာကို တစ်ယောက်တည်း ကုန်ဆုံးခဲ့ရသည်။

ဒီခရစ္စမတ်မှာလည်း သူတစ်ယောက်တည်းဖြစ်နေမယ်လို့ သူထင်ခဲ့သည်။

သို့သော် လွန်ခဲ့တဲ့ နှစ်လက သူ့ဖုန်းထဲတွင် ရုတ်တရက်ပေါ်လာတဲ့ ဂိမ်းလေးက အရာအားလုံးကို ပြောင်းလဲသွားစေခဲ့သည်။

ချန်ကျောင်က ဂရုတစိုက်ကာကွယ်ကာ ယူလာခဲ့တဲ့ ညလယ်စာ သရေစာမုန့်ကို သူ့အင်္ကျီထဲမှထုတ်ပြီး နှာခေါင်းရှေ့တွင် ထားကာ အနံ့ခံလိုက်သည်။ ဒါက ဆိုင်မှာ  နောက်ဆုံးကျန်တဲ့ အမဲသားဘန်းမုန့်ဖြစ်ပြီး မွှေးရနံ့က နှာခေါင်းထဲတွင် ပျံ့လွင့်သွားခဲ့သည်။

သူက သူ့လက်ကိုင်ဖုန်းကို ထုတ်ကာ အဖုံးကိုလှန်လိုက်ပြီး ဖန်သားပြင်ကို ပြောလိုက်သည်။

 "ထွမ်ထွမ် ညလယ်စာ စားချိန်ရောက်ပြီ" 

ထိုအခိုက်အတန့်တွင် ဖုန်းဖန်သားပြင်ပေါ်တွင် ပြထားတာက 'Elf Rebirth Mobile Game' ဖြစ်သည်။

အခန်းငယ်တစ်ခုအတွင်းတွင်  စားပွဲငယ်တစ်လုံးရှေ့၌ အချိုးအစားကျနတဲ့ Qဗားရှင်းပုံစံလေးက ထိုင်နေခဲ့သည်။

🎉 You've finished reading ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed) 🎉
ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now