အခန်း ၄၆

5.1K 885 13
                                    

Raising You This Small Stuff

Unicode

အခန်း ၄၆: bossရဲ့အနမ်း

ရေချိုးပြီးနောက် ယွမ်းစွော်က ဆံပင်တွေ စိုရွှဲနေပြီး ပါးပြင်တွေက နီမြန်းနေဆဲဖြစ်ကာ  အနားမှာ မိုရိချန် မရှိတော့တာကို မြင်လိုက်တော့  စိတ်သက်သာရာ ရသွားခဲ့သည်။

သူတို့ရဲ့မူလဇာတ်ကွက်လေ့ကျင့်တဲ့ အစီအစဉ်ကို ယာယီရပ်ဆိုင်းထားတာကြောင့် ယွမ်းစွော်က ဒီနေ့ 'နက်နဲ'တဲ့ဝတ္ထုကို လေ့လာရန် အဆင်သင့်ဖြစ်နေခဲ့သည်။ 'လွှမ်းမိုးကြီးစိုးတဲ့ bossနဲ့ သူ့ရဲ့ အံ့သြစရာကောင်းအောင် လှပတဲ့ယုန်ငယ်လေး' တို့က သူငယ်ချင်းကောင်းတွေ မဟုတ်ဘဲ ချစ်သူစုံတွဲတစ်တွဲ ဖြစ်ပြီး နေရာအနှံ့တွင် ပျံဝဲနေတဲ့ ပန်းနုရောင်ပူဖောင်းလေးတွေဖြင့် ပြင်းပြတဲ့ချစ်ခြင်းမေတ္တာအဆင့်ကို ရောက်ရှိနေပြီဖြစ်ကြောင်း ဝတ္ထုရဲ့ တစ်ဝက်လောက် ရောက်သွားတော့မှ သူ ရှာတွေ့ခဲ့သည်။ အရေးကြီးတဲ့အပိုင်းတွေကို ဆင်ဆာဖြတ်ထားသော်လည်း ဒါက ယွမ်းစွော်အတွက် ရှက်ကိုးရှက်ကန်းနှင့် နှလုံးခုန်သံတွေ မြန်လာဖို့ လုံလောက်တဲ့ အဆုံးမရှိတဲ့တားမြစ်ချက်တစ်ခု ဖြစ်နေပြီဖြစ်သည်။

မိုရိချန်က သူဒါဖတ်နေတာကို သိသွားမှာ စိုးပြီး အနည်းငယ်ရှက်ရွံ့နေပေမယ့် နောက်ဆက်တွဲ ဇာတ်လမ်းကို သိချင်နေတုန်းပင်ဖြစ်သည်။ နောက်ဆုံးမှာ သူတို့နှစ်ယောက် အတူတူ နေသွားကြရရဲ့လား။ bossရဲ့ ရည်းစားဟောင်းက သူတို့ကို နှောက်ယှက်ဖို့ ထပ်ထွက်လာခဲ့သေးလား။ လက်ထောက်ကလေးကရော မိုးမိသွားလို့ ဖျားသွားသေးလား။

ထို့အပြင် မိုရိချန်ကလည်း သူ့ကို ဆံပင်ခြောက်အောင် ကူပေးပြီး အနားယူရန် တိုက်တွန်းဖို့ တကယ်ကို သတိမပြုမိတော့တဲ့ပုံပင်။ သို့သော် အိပ်ရာပေါ်တွင် လဲလျောင်းနေရင်း အိပ်မပျော်နိုင်ဘဲ နောက်အခန်းကို မျှော်မှန်းကြည့်ရင်း သူ့ကို လူးလှိမ့်နေစေခဲ့သည်။ နောက်ဆုံးမှာတော့ ရေချိုးခန်းထဲဝင်ဖို့ အခွင့်အရေးရှာခဲ့ပြီး ပြန်လာတော့ e-book readerကို အိပ်ခန်းထဲ တိတ်တိတ်လေး ယူလာခဲ့ကာ စောင်အောက်မှာ ပုန်းနေပြီး ကျန်တဲ့ဇာတ်လမ်းကို ဆက်​ဖတ်လိုက်သည်...

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now