အခန်း၁၁

6.4K 1.1K 25
                                    

Raising You This Small Stuff

Unicode

အခန်း ၁၁ : ဒီဆန်ပြုတ်ပန်းကန်က မင်းဘာသာ ချက်ထားတာလား

ယွမ်းစွော်က ဘာမှမတွေးတတ်တော့ပေ။

"ဘာကြောင့် မင်းနေမကောင်းတာကို ငါ့ကို မပြောရတာလဲ "

"........"

"မင်းငါ့ကို မပြောချင်ဘူးဆိုတဲ့ အချက်အလက်မှတ်တမ်းတွေ စနစ်ရဲ့စာမှာ ရှိတယ်"

"...မင်းရဲ့အလုပ်ကို အနှောက်အယှက်ဖြစ်မှာ စိုးလို့ပါ"

မိုရိချန်က ယွမ်းစွော်ရဲ့ခေါင်းငုံ့နေတဲ့ မျက်နှာလေးကို ကြည့်ကာ ထပ်အပြစ်မတင်နိုင်တော့အဲ လေသံက နူးညံ့သွားသည်။ 

"အခုကစပြီး ဘာကိစ္စပဲရှိရှိ ငါ့ကို အရင်ဆုံးပြောပြရမယ်။ နားလည်ရဲ့လား။ အနာဂတ်မှာ မင်းငါ့ကို တစ်ခုခုဖုံးကွယ်ထားတာကို ရှာတွေ့ခဲ့ရင် ငါ...ငါ မင်းရဲ့ကွန်ပျူတာကို သိမ်းရလိမ့်မယ်"

"အိုး" သူရုပ်ရှင်တွေဆက်ကြည့်ချင်သေးသည်။ 'A Dog's Mission'ကို သူသုံးခါတောင် မကြည့်ရသေးဘူး။

"နားလည်ရဲ့လား" မိုရိချန်က ဆက်ပြောလိုက်သည်။

"Uh-ah ကျွန်တော်နားလည်ပါပြီ" ခေါင်းညိတ်ပြကာ နှာရှုံ့လိုက်ရင်း ချောင်းနှစ်ချက် ဆိုးလိုက်သည်။

မိုရိချန်က မျက်မှောင်ကြုတ်ကာ "စောင်ထဲမှာဝင်နေ။ ဘေးက စားပွဲမှာ ရေနွေးနွေးလေးရှိတယ်။ အရင်နည်းနည်းလောက် သောက်လိုက်ဦး နောက်မှ ဆရာဝန်ကို ခေါ်လိုက်မယ်"

ယွမ်းစွော်က နာခံစွာ ရေသောက်လိုက်ပြီး စောင်ထဲဝင်ကာ လှဲလျောင်းနေသည်။ 

ဒါက ချန်ကျောင်အတွက် ရုပ်ရှင်ဧကရာဇ်က ရေချိုးခန်းထဲမှာ စကားပြောနေတာကို ကြားဖူးတာ ပထမဆုံးအကြိမ်ဖြစ်ပြီး သူ့အသံက တစ်ခါမှမကြားဖူးလောက်အောင် နူးညံ့နေသည်။  ရုတ်တရက် အသိဝင်သွားပြီး ရေချိုးခန်းထဲကို ဖုန်းယူသွားတာဖြစ်မယ်လို့ တွေးမိပြီး ဒီတိုင်းသာ  ရိုးရိုးတွေးလိုက်သည်။ 

မိုရိချန်က ချွေးတွေအများကြီးထွက်နေသည်။ ချန်ကျောင်ရေးပေးသွားတဲ့ ဆန်ပြုတ်ဘယ်လိုလုပ်ရမလဲဆိုတဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာကာ နောက်ဆုံးတွင် ကိုးယိုးကားယားဖြင့် ဂိမ်းထဲတွင် ပြင်ဆင်ရမယ့်အဆင့်တွေကိုတည်းဖြတ်ကာ စတင်ရန်ကို နှိပ်လိုက်သည်။ 

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now