အခန်း ၃၉

5.3K 981 21
                                    

Raising You This Small Stuff

Unicode

အခန်း ၃၉: ငါတို့ရဲ့မွေးနေ့တွေကို အတူတူ ကျင်းပကြရအောင်!

ရိုက်ကွင်းတွင်။

မိုရိချန်က ချန်စန်းဆီမှ ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိခဲ့ပြီး သူ ဖုန်းကိုင်လိုက်သည့် အခိုက်တွင် ချန်စန်းက ပြောလာခဲ့သည်။ 

"ငါ့ကိုပြောပြစမ်းဦး ခွေးတစ်ကောင်ကို သူ့မွေးနေ့အတွက် ဘာလက်ဆောင်ပေးသင့်လဲ"

မိုရိချန်: "....."

ချန်စန်းက တကယ်ကို စိတ်မကောင်းဖြစ်နေပုံ ရပြီး 

"သူ မနေ့က ငါ့အိမ်က ကျောင်းသားဆီက အရုပ်တစ်ရုပ် ခိုးယူသွားခဲ့တယ်။ ငါ သူ့ကို အဝါရောင် ဘဲရုပ်လေးတစ်ကောင် ပေးသင့်လား"

မိုရိချန်: "....."

ချန်စန်းက ရုံးခန်းထဲတွင် သူ့ပေါင်ကို သူရိုက်လိုက်ပြီး 

"ဟုတ်ပြီကွ ငါသူ့ကို အသံမြည်တဲ့ပလပ်စတစ် ကြက်ရုပ် ပေးသင့်တယ်။ ခွေးတွေတော်တော်များများက အဲ့ဒါကို  ကြိုက်တာကို ငါ အွန်လိုင်းမှာ တွေ့ဖူးတယ်"

နောက်ဆုံးတွင် မိုရိချန်က ခက်ခက်ခဲခဲပြောလိုက်သည်။ 

"မင်း ဖူချန်ကုန်းအတွက် မွေးနေ့လက်ဆောင် ပေးချင်နေတာလား"

ချန်စန်းက ပြန်ဖြေလိုက်သည်။ "ဟုတ်တယ်။ စနစ်က ဒီနေ့ ငါ့elfရဲ့ မွေးနေ့ဖြစ်တယ်လို့ မနက်တုန်းက ငါ့ကို အကြောင်းကြားချက်တစ်ခု ပို့ခဲ့တယ်"

မိုရိချန်က ခဏရပ်သွားပေမယ့် သူဘာတွေတွေးမိသွားမှန်း မရှင်းလင်းပေ။

သူက အချိန်အတော်ကြာအောင် မတုံ့ပြန်တာကိုမြင်တော့ ချန်စန်းက တောင်းပန်လိုက်သည်။ 

"ရိချန် ငါ့ကို ကူညီပါဦးကွ"

"ဘာလို့...သူ့ကို လူတွေသုံးတဲ့ တစ်ခုခု မပေးရတာလဲ။ ဂိမ်းကီးဘုတ်လိုမျိုးလေ"

"လူတွေသုံးတဲ့ တစ်ခုခုလား။ ဒါ​ပေမယ့်​ သူက ​ခွေးလေ!"

မိုရိချန်က ချန်စန်းရဲ့ IQက ကျဆင်းသွားတော့တာလားလို့  တွေးလိုက်မိသည်။ 

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now