အခန်း ၇၁

4.3K 732 30
                                    

Raising You This Small Stuff

Unicode

အခန်း ၇၁: ယွမ်းစွော်ရဲ့elf

 နှစ်သစ်ကူး ဒုတိယနေ့။

မိုရိချန်က ယွမ်းစွော်ကို သူတို့ရဲ့နေရာသို့ ပြန်ခေါ်သွားပြီး ယခုအချိန်တွင် ယခင်က လေလွင့်နေတဲ့ ဝိညာဉ်နှစ်ကောင်က နောက်ဆုံးတွင် သူတို့ရဲ့နေအိမ်ကို တွေ့သွားပုံပေါ်နေသည်။

ယွမ်းစွော်က နှစ်တိုင်း နှစ်သစ်ရဲ့ဒုတိယနေ့တွင် ပန်းခြံ၌ အဘွားအယ်လ်နီကို ပေးပေးပါ့မယ်လို့ အဘိုးအေဘယ်လ်အား ကတိပေးထားခဲ့တဲ့ သစ်သားမြင်းရုပ်လေးကို သတိရသွားခဲ့သည်။

အရင်က အဘိုးအေဘယ်လ်ပေးခဲ့တဲ့ သစ်သားမြင်းလေးကို ထုတ်ယူပြီး စားပွဲပေါ်တင်လိုက်သည်။ မိုရိချန်က ကျွမ်းကျင်လက်မှုပညာသည်တွေရဲ့ လက်မှုပစ္စည်းအမျိုးမျိုးကို မြင်ဖူးပေမယ့် ဒီတစ်ဒါဇင်လောက်ရှိတဲ့ သစ်သားမြင်းတွေကြောင့် အံ့သြနေဆဲပင်။

"ဒါက အဲဒီတုန်းက မင်းကို သစ်သားပုံထွင်းနည်း သင်ပေးဖို့ အေဘယ်လ်ကို ကတိပေးခဲ့တဲ့ ကိစ္စလား" ယွမ်းစွော်က သူ့အတွက် မွေးနေ့လက်ဆောင်ပေးခဲ့တဲ့ လက်နဲ့ထွင်းထားသည့် ဓာတ်ပုံဘောင်လေးက သူ့ကုတင်ဘေးမှာ ရှိနေသည်။ အောက်က ကန်တော့မပါတဲ့ တဝက်သာပြီးသေးသည့် ချောကလက်ရေခဲမုန့်ကလည်း သူ့မီးခံသေတ္တာထဲတွင် ရှိနေခဲ့သည်။

"ဟုတ်တယ် ကျွန်တော် အရင်က အဘွားအယ်လ်နီကို တွေ့တိုင်း သူမက သူမ ပြောခဲ့တာတွေနဲ့ သူမ လုပ်ခဲ့တာတွေကို အမြဲတမ်း မေ့နေတတ်တယ်။ အခုကြည့်လိုက်တော့ အယ်လ်ဇိုင်းမား ဖြစ်နေပုံရတယ်"

"စိတ်အခြေအနေပုံ မှန်မဟုတ်တော့တာလား"

"အွမ်း ယေဘုယျနာမည်ကတော့ အဲ့လိုပဲ" ယွမ်းစွော်ရဲ့မျက်နှာပေါ်တွင် လေးနက်တဲ့ အမူအရာရှိနေပြီး မျက်ခုံးတွေ ကျုံ့ထားခဲ့သည်။

မိုရိချန်က စောစောက ဒုတိယစမ်းသပ်မှုကမ္ဘာမှာ ယွမ်းစွော်ကိုတွေ့တုန်းက သူက အဖြူရောင်ကုတ်အင်္ကျီကို ဝတ်ထားပြီး ကလေးမလေးက သူ့ကို ဒေါက်တာလို့ခေါ်တာကို သတိရလိုက်သည်။ သတင်းအချက်အလက်တွေအရ သူရဲ့အထောက်အထားက စစ်တပ်အတွင်းမှ ဆဲလ်ပြန်လည်တည်ဆောက်ရေး ဆရာဝန်တစ်ဦးဖြစ်ကြောင်းလည်း ပြနေခဲ့သည်။

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now