အခန်း ၇

6.3K 1.2K 13
                                    

Raising You This Small Stuff

Unicode

အခန်း ၇ : စိတ်မကောင်းပါဘူး။ ကျွန်တော်က မျှဝေရတဲ့နေရာတွေမှာ သိပ်မတော်ဘူး

ယွမ်းစွော်က ထိုမေးခွန်းကြောင့် ဆွံ့အသွားခဲ့သည်။မိုရိချန်နှစ်ယောက်လုံးက ချောပေမယ့် သူ့မေးခွန်းကိုတော့ ဖြေဖို့လိုသည်။ 

ယွမ်းစွော်က  အခက်အခဲကြုံနေရသလို မျက်ခုံးလေးကို တွန့်ကာ တွေးနေသည်။ မိုရိချန်က အလျင်စလိုမလုပ်ပဲ မျက်လုံးတွေထဲမှာ အပြုံးတစ်ခုရှိနေပြီး ကောင်ငယ်လေးရဲ့ အဖြေကို စောင့်နေခဲ့သည်။

ယွမ်းစွော်က စိတ်ထဲက ဆုံးဖြတ်ချက်မချခင် တစ်မိနစ်လောက် ခေါင်းလေးကို ငုံ့ကာ တွေးနေပြီး ပြောလိုက်သည်။ "လှုပ်ရှားနိုင်တဲ့မိုရိချန်က ပိုချောတယ်"

မိုရိချန်က မျက်ခုံးပင့်လိုက်သည်။ "ဘာကြောင့်လဲ"

ယွမ်းစွော်ရဲ့အမူအရာက ဆရာမေးတဲ့ မေးခွန်းကို ပြန်ဖြေပေးနေသလို လေးနက်နေသည်။ "ဘာကြောင့်လဲဆိုတော့ လှုပ်ရှားနေတဲ့မိုရိချန်ကို မြင်ရင် ကျွန်တော့်နှလုံးသားက အများကြီး ခုန်နေလို့"

မိုရိချန်က ခဏလောက်ဆွံ့အသွားပြီးနောက် နှုတ်ခမ်းထောင့်တွေက ပင့်တက်လာကာ ကျန်နေသေးတဲ့ စိတ်ညစ်စရာတွေအားလုံး ပျောက်ကွယ်သွားခဲ့သည်။

ယွမ်းစွော်က သူ့အပြုံးကိုမြင်တော့ ညှို့ယူခံလိုက်ရသလို သူ့နှလုံးခုန်သံတွေ ပိုမြန်လာသည်။ ဒီအပြုံးက ဘဝထဲကို နွေးထွေးတဲ့နေရောင်ခြည်တွေ ထွန်းလင်းနေသလို အရာအားလုံး ပိုမိုတောက်ပလာသလို ခံစားလာရစေသည်။  

မိုရိချန်က ဝမ်းသာအားရပြုံးနေတာကြောင့် ဒါက သူဖြေလိုက်တဲ့မေးခွန်းက မှန်သွားတာ ဖြစ်ရမည်။ ယွမ်းစွော်က ရင်ဘတ်လေးကို မော့ကာ လိုက်ပြုံးလိုက်သည်။ 

တံခါးခေါက်သံက ရုတ်တရက်ထွက်လာပြီး အိမ်တော်ထိန်းရဲ့ရိုကျိုးတဲ့အသံက နောက်ကလိုက်လာသည်။

"ဒုတိယသခင်လေး Madamက ခေါ်နေပါတယ်"

"ကောင်းပြီ"

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now