အခန်း ၂

8.2K 1.2K 24
                                    

Raising You This Small Stuff

Unicode

အခန်း၂ : ဒင်!! ဂုဏ်ယူပါတယ် နတ်သူငယ်လေးရေ သင့်ကို ကစားသမားက တရားဝင်မွေးစားလိုက်ပါပြီ

ဒီအရာလေးက စစ်ယူနီဖောင်းကို တုပထားတဲ့ ပုံစံလို အပြာရောင်ဖျော့ဖျော့ဝတ်စုံကို ဝတ်ထားပေမယ့် ဒါက သူ့ကို ပိုမိုကွဲပြားတဲ့အသွင်ကို ပေးနေသည်။ စကားပြောတဲ့အခါ သူ့အသံလေးက မွန်းကြပ်နေပေမယ့် တစ်ဘက်လူကို အလိုလိုစိတ်ညစ်သွားစေရမယ့်အစား အလွန်နူးညံ့ပျော့ပျောင်းပြီး ရှက်တတ်တဲ့ ပုံစံလေးက မသက်မသာမဖြစ်စေပေ။ 

မိုရိချန်ရဲ့လက်ချောင်းတွေက ခဏရပ်သွားသည်။

ဒါက ကစားသမားတွေကို ထိန်းသိမ်းထားတဲ့ နည်းဗျူဟာများလား။ ဒါက သိပ်မကောင်းသော်လည်း ဒီအရာလေးရဲ့ လုပ်ပုံကတော့ ထိပ်တန်းပင်....

'တဂွီဂွီမြည်သံ'က ဂိမ်းထဲမှ ထွက်ပေါ်လာသည်။ ဂိမ်းထဲက ပုံရိပ်အသေးလေးရဲ့ဗိုက်ထဲက မမျှော်လင့်ပဲ မြည်လာသည်။ ယွမ်းစွော်က သူ့ဗိုက်ရဲ့အော်သံကြောင့် မျက်ရည်ကျလုနီးပါး လန့်သွားသည်။ သူအခုလေးတင်မှ သူက နည်းနည်းလေးပဲစားတာလို့ ပြောခဲ့ပြီး အခုပဲ သူ့ဗိုက်ကထမြည်နေသည်။ သူလိမ်ဖို့ မရည်ရွယ်ထားပါဘူး။

"ကျွန်တော်...ကျွန်တော် ဗိုက်မဆာပါဘူး။ ကျွန်တော် တကယ်...တကယ် တအား နည်းနည်းလေးပဲ စားတာပါ"

ယွမ်းစွော်က အသည်းအသန်ရှင်းပြလိုက်သည်။  မိုရိချန်ရဲ့ စိတ်သဘောထားက အေးစက်လာကာ မိနစ်အနည်းငယ်လောက်ကြာရင် မေ့သွားမယ့် ဒီအရာလေးအတွက် ခံစားချက်မရှိပဲ ဒီဆော့ဖ်ဝဲလ်က ထူးဆန်းလွန်းတာကြောင့် ဖယ်ရှားပစ်တာပိုကောင်းသည်။

သူ့ရဲ့သွယ်လျတဲ့လက်ချောင်းတွေက ဖယ်ရှားပါ ခလုတ်ကို နှိပ်ရန် ရွေ့လိုက်သည်။

သူသေရတော့မှာလား။ သူတစ်ခါ သေခဲ့ပြီးပြီလေ။ အဲ့ဒါကနာတယ်... သူမသေချင်သေးဘူး...

ငိုချင်တဲ့စိတ်ကိုထိန်းကာ ယွမ်းစွော်က သူ့ခန္ဓာကိုယ်က စိုနေတဲ့ချွေးတွေကို လက်ဝတုတ်လေးတွေဖြင့် တုန်တုန်ယင်ယင် သုတ်လိုက်ပြီး သူက အသုံးဝင်ပါတယ်ဆိုတဲ့ ပုံဖြစ်အောင် ကြိုးစားကာ 

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now