အခန်း ၃၀

5.5K 1K 8
                                    

Raising You This Small Stuff

Unicode

အခန်း ၃၀: ဂိမ်းအတွင်းမှ ပစ္စည်းများ အလုပ်မလုပ်တော့ခြင်း!

Weibo တွင် 'ချစ်စရာလေးရဲ့ ပက်ဖျန်းခြင်းအသိုင်းအဝိုင်း' ရေပန်းစားမှုက တဖြည်းဖြည်း အေးခဲသွားခဲ့သည်။ လူတိုင်းက ဘယ်လောက်ပဲ တူးဆွနေပါစေ "မင်းက ကွတ်ကီးလေးပဲ" ဆိုတဲ့ နူးညံ့စေးကပ်တဲ့စကားလုံးတွေကို ပြောထားတဲ့ 'ပက်ဖြန်းသူ'ကို ရှာမတွေ့ခဲ့ပေ။ 

ကျောင်းဆင်းပြီးနောက် ကျောင်းကားပေါ်တွင်။

ယွမ်းစွော်က စိတ်မသက်မသာဖြစ်နေရင်း သူ့tabletကို ဆုပ်ကိုင်ထားသည်။ ဒီနေ့ အိမ်ပြန်ရောက်တဲ့အခါ မိုရိချန်ကို အလေးအနက်ထား တောင်းပန်မှာဖြစ်ပြီး  သူ့ရဲ့သဘောထားကလည်း  ရိုးရိုးသားသား ဖြစ်နေရမည်။

သူ့နှလုံးသားထဲတွင် တောင်းပန်စကားတွေကို စုစည်းနေချိန်မှာပဲ ကျောင်းကားရဲ့ အနောက်ဘက်မှ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

"မင်း မင်းက ကွတ်ကီးလေးပဲ!….." မနေ့ညက တိုက်ရိုက်ထုတ်လွှင့်မှုတုန်းက သူ့အသံဖြစ်သည်။

ယွမ်းစွော်က အံ့သြသွားခဲ့သည်။ ခေါင်းကို အမြန်လှည့်ကြည့်လိုက်တော့ စုရီရဲ့ ပြုံးနေတဲ့ မျက်လုံးတွေကို တွေ့လိုက်ရသည်။

"ဒူဒူ နင်ငြင်းချင်သေးလား။ငါ အသံတွေကို ထပ်ခါတလဲလဲ နှိုင်းယှဉ်ကြည့်ပြီးပြီ။ အဲဒါက သေချာပေါက် မင်းပဲ!"

 စုရီက ဒီနေ့နံနက်တွင် မေးခွန်းများစွာကို အတင်းအကြပ် မေးခဲ့ပြီးပြီဖြစ်ပေမယ့် ဒါက ဆက်ပြီး ပြဿနာဖြစ်စေမှာကို စိုးသဖြင့် အွန်လိုင်းတွင် လူတွေကို ပက်ဖြန်းခဲ့တဲ့ချစ်စရာလေးက သူဖြစ်ကြောင်း ဝန်ခံဖို့ ယွမ်းစွော်က ငြင်းဆိုခဲ့လေသည်။

မျက်လုံးအောက်မှာ ညိုမည်းနေတဲ့ အဝိုင်းတွေရှိနေသေးတဲ့ လုံပေါ်က နောက်ပြန်လှည့်ကြည့်လာသည်။ "ဒီလောက်အားချိန်ရှိနေရင် တစ်ရက်ကို ဆင့် ၅၀ နဲ့ ရေခဲချောင်းဝယ်လို့ရအောင် ပြန်သွားပြီး ဇာတ်ကြောင်းတစ်ခုစီစဉ်နေတာက ပိုကောင်းတယ်"

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now