အခန်း ၆၆

3.7K 841 20
                                    

Raising You This Small Stuff

Unicode

အခန်း ၆၆: တွင်းနက်ထဲသို့ ပျောက်ကွယ်သွားသော ဒူဒူ!

မဟုတ်ဘူး!

ဒူဒူ ကစားသမားတွေကို မပြောင်းချင်ဘူး။

"ကျွန်တော်ငြင်းတယ်!" 

ယွမ်းစွော်ရဲ့ အသံက အရင်ကလို ပျော့ပျောင်းမနေဘဲ ခိုင်ခံ့မြဲမြံနေကာ  သူ့မျက်လုံးတွေက တောက်ပမှုမရှိတဲ့ တိုက်ခန်းထဲတွင် ခေါင်းမာမှုတွေဖြင့် ပြည့်နေခဲ့သည်။

စနစ်မှသတိပေးချက်: Elf သည် ကနဦးအဆင့်သို့ ဝင်ရောက်တော့မည်...

"ကျွန်တော်ငြင်းတယ်!"

စနစ်၏စက်ပိုင်းဆိုင်ရာ အသံ: အကြောင်းပြချက်အား ရှင်းပြရန် elfကို တောင်းဆိုခြင်း။

ယွမ်းစွော်ရဲ့အကြည့်က မီးရှူးတိုင်တစ်ခုလို ဖြစ်နေပြီး လည်ချောင်းထဲရှိ ခါးသီးမှုကို သည်းမခံနိုင်တော့ပေ။ 

"ဒီဂိမ်းက elvesတွေနဲ့ ပတ်သက်ပြီး သူတို့ရဲ့ဝိညာဉ်တွေကိုတောင် ထိန်းချုပ်နိုင်ပေမယ့် ကျွန်တော်တို့ရဲ့စိတ်တွေကိုတော့ မရနိုင်ဘူး။ ကျွန်တော့်မှာ ကိုယ်ပိုင်အသိစိတ်ရှိပြီး အဲဒါက ဂိမ်းထဲမှာ မကလို့ ကစားသမား ဒါမှမဟုတ် တခြားဆုံးဖြတ်ရမယ့်အရာဖြစ်နေရင်တောင် မရဘူး။ ကျွန်တော့်ရဲ့ကစားသမားက မိုရိချန်ပဲ ဖြစ်လို့ရမယ်"

ခေတ္တရပ်သွားပြီးနောက် စနစ်ရဲ့အသံက ပြောင်းလဲသွားပြီး စက်ပိုင်းဆိုင်ရာအသံက နူးညံ့လာခဲ့သည်။ 

"ဒါပေမယ့် မင်းရဲ့စိတ်ဝိညာဉ်က စနစ်နဲ့တွဲနေတယ်လေ။ စနစ်ဆီမှာ မင်းအသက်အတွက် ပိုပြီးတောင် အကြွေးတင်နေသေးတာကို  အခု မင်းက ဂိမ်းရဲ့ထိန်းချုပ်ခံ မဖြစ်ချင်ဘူးလို့ ​ပြောနေတာလား"

ယွမ်းစွော်က လက်သီးလေးကို ဆုပ်လိုက်သည်။ သူ့နဖူးပေါ်က ဆံပင်တွေက အေးစက်တဲ့ ချွေးတွေနဲ့ စိုစွတ်နေပေမယ့် သူ့အသံက ထူးခြားစွာ ခိုင်မာနေခဲ့ပြီး

 "ကျွန်တော့်ဝိညာဉ်ကို ဖြိုခွဲနိုင်ပေမယ့် ဘယ်မှာ အဆုံးသတ်မယ်ဆိုတာ ဘယ်သူမှ မဆုံးဖြတ်နိုင်ပါဘူး"

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now