အခန်း ၄၈

4.4K 889 23
                                    

Raising You This Small Stuff

Unicode

အခန်း ၄၈: အကပါတီဂိမ်း

မျက်နှာဖုံးစွပ်ပါတီကို စတင်နေပြီဖြစ်ပြီး ခန့်ညားတဲ့အမျိုးသားတွေနှင့် ချောမောလှပတဲ့အမျိုးသမီးတွေက သူတို့ရဲ့မျက်နှာကို မျက်နှာဖုံးများဖြင့် တစ်ဝက်ခန့်ဖုံးထားတဲ့ မြင်ကွင်းတစ်ခုလုံးက ပိုမိုဆန်းကြယ်ပြီး ဆွဲဆောင်မှုရှိစေသည်။

အစီအစဉ်ကို အစီအစဥ်တင်ဆက်သူက ဖွင့်လိုက်ပြီးနောက် ပထမဆုံးအကက စုံတွဲအကနှင့် ဆင်တူသည့် ပေါ့ပါးပြီး တည်ငြိမ်တဲ့ ဘလူးစ်အက ဖြစ်သည်။ ယေဘူယျအားဖြင့် ပြောရရင် တေးသွားက ပြေပြစ်ပြီး နှေးကွေးကာ ကဖို့လွယ်ကူပေသည်။

လူတွေက သူတို့ရဲ့အကဖော်တွေနဲ့ ကပွဲကြမ်းပြင်ကို တယောက်ပြီးတယောက် ဝင်သွားကြသည်။ ဒီလိုမြင်ကွင်းမျိုးကို အရင်က တစ်ခါမှမမြင်ဖူးတဲ့ ယွမ်းစွော်က သူ့လက်ထဲ၌ ဘူဖေးနေရာက ယူလာခဲ့တဲ့ စားစရာဗန်းကို ကိုင်ထားကာ အချိုပွဲတစ်ဖဲ့ကို ပါးစပ်ထဲထည့်ရင်း အံသြစွာ ကြည့်နေခဲ့သည်။

"မစ္စတာမို ရှင့်ကို ကဖို့ ဖိတ်လို့ရမလား" စကားပြောလိုက်သူမှာ ငွေဖြူရောင် ငါးမြီးဝတ်စုံကို အနီရောင်မျက်နှာဖုံးနှင့်အတူ ၀တ်ဆင်ထားပြီး ဆွဲဆောင်မှုရှိတဲ့ အနီရောင်တောက်တောက် နှုတ်ခမ်းနီတို့ဖြင့် အရပ်ရှည်ရှည်နှင့်ပိန်ပါးတဲ့ မိန်းကလေးတစ်ယောက် ဖြစ်သည်။ 

မိုရိချန်က ယဉ်ယဉ်ကျေးကျေး ပြန်ပြောလိုက်သည်။ 

"တောင်းပန်ပါတယ် ကျွန်တော့်မှာ အကဖော်ရှိပြီးသားပါ "

မျက်ကပ်မှန်တပ်ထားတဲ့ကောင်မလေးရဲ့ အပြာရောင်မျက်လုံးတွေထဲတွင် သေချာပေါက် အကတွဲကဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ညွှန်ပြနေတဲ့ အလင်းတန်းတစ်ခု ရှိနေခဲ့သည်။ 

"ဒါပေမယ့် ကျွန်မ ရှင့်ကို ကြည့်နေတာ ကြာလှပြီ။ ဒီကောင်လေးကလွဲရင် ရှင့်အနားမှာ ဘယ်သူမှမရှိပါဘူး" 

မိုရိချန်က မျက်နှာဖုံးတပ်ထားသော်လည်း သူ့ရဲ့အလင်းရောင်ကို ဖုံးကွယ်ရန် ခက်ခဲနေပြီး သူမကလည်း သူမရဲ့ဆွဲဆောင်နိုင်မှုကို အလွန်ယုံကြည်တာကြောင့် ဒီနေ့ ဒီနေရာကို ဘယ်သူ့ရဲ့ဖမ်းစားမှုကိုမှ မခံရဖူးသေးတဲ့ ရုပ်ရှင်ဧကရာဇ်အတွက် ရောက်လာတာ ဖြစ်သည်။

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now