အခန်း ၈၁ (final)

6.3K 684 22
                                    

Raising You This Small Stuff

Unicode

အခန်း ၈၁: တစ်သက်လုံးမင်းကိုပဲချစ်တယ် (final)

မင်္ဂလာဦးည။

မိုရိချန်က ယခုအခါတွင် လိုင်စင်ရထားပြီးပြီ ဖြစ်တာကြောင့် ခင်ပွန်းတာဝန်တွေကို ရဲဝံ့ကျေပွန်စွာ တာဝန်ထမ်းဆောင်တော့သည်။

တစ်ညလုံး မှောက်လိုက်၊လှန်လိုက်လုပ်နေရတဲ့အပြင် အချိန်အကြာကြီး လေယာဥ်စီးခဲ့ရတာကြောင့် နှစ်ယောက်စလုံး ပင်ပန်းနွမ်းနယ်နေသည်။

ယွမ်းစွော်က ပင်ပန်းလွန်းလို့ တိုက်ပွဲကျသွားတော့သည်။ မိုရိချန်က ပင်ပန်းနွမ်းနယ်နေတာတောင်မှ နှစ်ယောက်စလုံး လေ့ကျင့်ခန်းလုပ်ပြီးနောက် သန့်ရှင်းရေးလုပ်ပေးကာ ယွမ်းစွော်ကို ရင်ခွင်ထဲ သွင်းပြီး စောင်နှင့်ထုပ်ကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားကြတော့သည်။

ဖုန်းမြည်သံကြောင့် နိုးလာချိန်တွင် မွန်းတည့်ချိန် ရောက်နေပြီ။

ကြွက်သားတွေနှင့်လက်မောင်းတစ်ဖက်က စောင်ထဲမှ ဆန့်ထွက်လာကာ ဖုန်းကို ယူလိုက်ပြီး ဖုန်းဖန်သားပြင်ကို ပွတ်ဆွဲကာ နားရွက်နားသို့ ကပ်လိုက်သည်။ သူ့ရင်ခွင်ထဲကလူ နိုးသွားမှာ စိုးတာကြောင့် 'ဟယ်လို'လို့ တိုးတိုးလေးပြောလိုက်သည်။

"ဒုတိယအစ်ကို တစ်ခုခုဖြစ်နေပြီ!" ဖုန်းရဲ့အခြားတစ်ဖက်မှာတော့ မိုရိရှုရဲ့အသံက ထူးထူးခြားခြား စိုးရိမ်ပူပန်နေပုံပင်။

မိုရိချန်က အမြန်ထထိုင်လိုက်သော်လည်း ယွမ်းစွော်ရဲ့ ခေါင်းပေါ်ကို လက်တစ်ဖက် တင်ထားပေးဖို့ မမေ့ပေ။ ဒါတောင်မှ ယွမ်းစွော်က နိုးသွားကာ မိုရိချန်ကို အိပ်ချင်မူးတူးနဲ့ ကြည့်နေခဲ့သည်။

မိုရိချန်ရဲ့မျက်နှာက ပိုရုပ်ဆိုးလာကာ အဆုံးတွင် ဖုန်းချလိုက်ပြီး စောင်အောက်မှ ထွက်ကာ ကုတင်ပေါ်မှ အမြန်ဆင်းလိုက်သည်။

"ဘာ... ဘာဖြစ်လို့လဲ" 

ယွမ်းစွော်က မေးလိုက်သည်။

မိုရိချန်က ခဏလောက် တုံ့ဆိုင်းသွားပြီးနောက် 

"အစ်ကိုကြီး တစ်ခုခုဖြစ်သွားလို့ပါ"

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now