အခန်း ၇၄

3.5K 639 12
                                    

Raising You This Small Stuff

Unicode

အခန်း ၇၄: ကယ်တင်ခြင်းလား သို့မဟုတ် နစ်မြုပ်ခြင်းလား

"ဘာပြောလိုက်တာလဲ...မင်းဘာပြောလိုက်တာလဲ" 

ယွမ်းစွော်ရဲ့ နှုတ်ခမ်းတွေက တုန်နေခဲ့သည်။

မိုရိချန်က ထပ်ပြောလိုက်သည်။  "လက်ထပ်ကြရအောင်"

"လက်ထပ်မှာလား" 

ယွမ်းစွော်က ထိုစကားလုံးရဲ့အဓိပ္ပါယ်ကို မသိတာ မဟုတ်ပေမယ့် ထိတ်လန့်မှုကြောင့် အနည်းငယ် ရှုပ်ထွေးနေခဲ့သည်။

ထုံးစံအတိုင်း မိုရိချန်က ဒါကို သိတဲ့အတွက် သူက တမင်တကာ လွဲမှားစွာ အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပြီး ရှင်းပြလိုက်သည်။ "အဲဒါက တရားဝင်'လူတွေကို စားတယ်'လို့ ဆိုလိုတာလေ"

ယွမ်းစွော်က ဘာကိုဆိုလိုတာလဲကို နားလည်ပြီးနောက် သူတကယ်တုံ့ပြန်မိပြီး ထိတ်လန့်စွာဖြင့် သူ့ပန်းကန်လုံးကို ခေါက်လုနီးပါးဖြစ်သွားခဲ့သည်။

"အဲဒီတော့ yesလား noလား" 

မိုရိချန်က 'လက်ထပ်ခြင်း'ဆိုတဲ့ စကားလုံးကို ပြောတဲ့အခါ သူယုံကြည်မှု ရှိခဲ့ပေမယ့် ယခုအချိန်တွင် သူ့ရင်ထဲတွင် အကြောင်းတစ်ခုခုကြောင့် ရင်တုန်နေခဲ့သည်။

မိုရိချန်ရဲ့မျက်နှာက နီးကပ်လာသည်နှင့်အမျှ ယွမ်းစွော်က မလှုပ်ရဲဘဲ ဒီအချိန်တွင် သူတို့က တစ်ယောက်နဲ့တစ်ယောက်ရဲ့ စိတ်လှုပ်ရှားမှုများကို ခံစားနေမိကြသည်။  

နှစ်ယောက်လုံး စကားမပြောကြဘဲ လေထုက တိတ်ဆိတ်သွားခဲ့သည်။

အချိန်အတော်ကြာပြီးနောက်။

"အဲဒါ...တကယ်တော့... တရားမဝင်ဘူး...ဒါပေမယ့်… အဆင်ပြေပါတယ်"  

ယွမ်းစွော်က ကျန်တဲ့စကားလုံးတွေကို ထုတ်မပြောနိုင်တော့ဘဲ သူ့ရဲ့တစ်ကိုယ်လုံးက ပုဇွန်ပြုတ်လေးလို နီရဲနေခဲ့သည်။

(T/N: သူပြောချင်တာက လက်မထပ်ရင်တောင် စားလို့ရပါတယ်ဆိုတဲ့ သဘောပါ)

မိုရိချန်က ဒီအဖြေအတွက် ဝမ်းသာအံ့သြသွားပေမယ့် သူ့မျက်လုံးတွေထဲမှ စိုးရိမ်ပူပန်မှုတွေက သူ့ပျော်ရွှင်မှုကို ရှင်းရှင်းလင်းလင်း ဖုံးလွှမ်းသွားခဲ့သည်။

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now