အခန်း ၁၉

5.9K 1.1K 46
                                    

Raising You This Small Stuff

Unicode

အခန်း ၁၉ : မိုရိချန်၏တိုင်ကြားချက်

မိုရိချန်က မျက်မှောင်ကြုတ်နေရင်း  ချန်ကျောင်နဲ့ဖုန်းပြောနေတာကို ချလိုက်သည်။ 

ယွမ်းစွော်က အဝတ်အစားလဲပြီးနောက် ရေချိုးခန်းထဲက ထွက်လာတော့ မိုရိချန်ရဲ့ မည်းမှောင်နေတဲ့မျက်နှာကို မြင်လိုက်သည်။ မိုရိချန်ရဲ့ ကြမ်းတမ်းတဲ့မျက်နှာက မြင်ရခဲတာကြောင့် သူက လန့်သွားပြီး ကြောက်ကာ ထိန်းမရတော့ပဲ ကျို့တောင်ထိုးလာခဲ့သည်။ 

မိုရိချန်က သူ့လေသံကို အတတ်နိုင်ဆုံး လျှော့ဖို့ ကြိုးစားခဲ့ပေမယ့် သူ့မျက်နှာပေါ်က ဒေါသတွေက ထိန်းမရဖြစ်နေပြီးပြောလာသည်။ "မင်းခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေက ဘယ်လိုဖြစ်တာလဲ"

ဟမ် မိုရိချန်က ဘယ်လိုသိပါလိမ့်။ သူ ဒဏ်ရာရတော့ စနစ်က အလိုအလျောက် အသိပေးချက်ပေးပို့တာဖြစ်ရမည်လို့တွေးပြီး မိုရိချန်က သူ့ကို ချောင်းကြည့်နေတာဖြစ်မယ်လို့ သံသယမဝင်ခဲ့ပေ။ 

အင်္ကျီလက်ဖျားလေးကို ဆွဲကာ မသဲမကွဲရေရွတ်လာသည်။ "ကျွန်တော်ကားပေါ်ကဆင်းတော့ လဲကျသွားပေမယ့် ဘာမှမထိခိုက်မိပါဘူး"

ယွမ်းစွော်ရဲ့ပျာယာခတ်နေတဲ့အမူအရာကို မြင်တော့ မိုရိချန်က တစ်ခုခုမှားနေပြီလို့ ခံစားလိုက်ရသည်။ 

"တကယ်ပဲ မင်းဘာသာ လဲကျတာလား"

"...တစ်ယောက်ယောက်က အနောက်က တွန်းလိုက်သလိုပဲ ဒါပေမယ့် သိပ်မသေချာပါဘူး" သူ့ရဲ့လိမ်ညာတဲ့စွမ်းရည်က တကယ့်ကို သုညပင် ဖြစ်ပြီး နည်းနည်းလောက် ဖိအားပေးလိုက်တာနဲ့ ဇာတ်ကြောင်းကိုအကုန်ဖော်ထုတ်လိုက်နိုင်သည်။

မိုရိချန်ကမေးလိုက်သည်။ "အဲဒီ့အချိန်တုန်းက မင်းအနောက်မှာရှိနေတာ ဘယ်သူလဲ"

ယွမ်းစွော် : " မနေ့က ကျွန်တော့်ရဲ့ ကျောင်းလွယ်အိတ်ကို ကူပေးတဲ့ ကြင်နာတတ်တဲ့ကောင်လေးလေ။ ဒါပေမယ့် သူလုပ်တဲ့ပုံတော့မရပါဘူး။ ကျွန်တော်လည်း မသေချာဘူး"

မိုရိချန်က ဒေါသထွက်လာပြီး ဒီအကောင်ပေါက်လေးကတော့ သူ့ကို ရောင်းစားသွားရင်တောင် ပိုက်ဆံကူရေပေးနေမယ့်ပုံပင်။ 

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now