အခန်း ၂၁

5.8K 1.1K 28
                                    

Raising You This Small Stuff

Unicode

အခန်း ၂၁: ဒူဒူ့မှာ ဒီပြသာနာကို ဖြေရှင်းပြီး ညှိနှိုင်းလို့ရတာ ရှိတယ်

မိုရိချန်က ချန်​ကျောင်ဆီမှ စာကို လက်ခံရရှိခဲ့ကာ ပထမတစ်ပိုင်းက တောင်းပန်တာဖြစ်ပြီး ဒုတိယတစ်ပိုင်းက သူမလုပ်ခဲ့ကြောင်း ရှင်းပြတာဖြစ်သည်။ ဒီကိစ္စမှာ သူ့အပြစ်ထက် သူခံစားရတဲ့ နာကျင်မှုက ပိုတာကို မြင်နိုင်သည်။

မိုရိချန်က ချန်ကျောင်ရဲ့စရိုက်ကို သဘာဝကျစွာ နားလည်သည်။ ဒီချင်ဟယ်က ဉာဏ်ကောင်းသည်။ သူက ချန်ကျောင်ကို အနိုင်ကျင့်လို့မရတော့ ရုပ်ရှင်မိတ်ဆက်ကြော်ငြာနေတဲ့ကာလတွင် ရုပ်ရှင်ရဲ့​ကျော်ကြားမှုကို ဆွဲယူရန် သတင်းတွေကို ချိန်ညှိကာ လှည့်စားမှု လုပ်ခဲ့တာပင်။ သို့သော် ဒီတစ်ခေါက်မှာ သူ့ကို ဆေးရုံကို အမှန်တကယ်ခေါ်ဆောင်သွားပါက ဘာဒဏ်ရာမှ ရှာမတွေ့မှာစိုးရသည် မဟုတ်လျှင် ချန်ကျောင်က သူ့ရှေ့နေဆီက ဆင့်ခေါ်စာတောင် ရလောက်နေပြီ။

နှစ်သိမ့်ပေးတဲ့စာတစ်စောင်ပြန်ပို့ကာ မိုရိချန်က သု့ကုမ္ပဏီကို ဆက်သွယ်လိုက်သည်။

ယွမ်းစွော်က ဒီနေ့ အချိုပွဲအမျိုးမျိုးကို ပြင်ဆင်ကာ မအောင်မြင်ခဲ့တာကြောင့် မိုရိချန်ကို မြည်းခိုင်းရမှာ ရှက်ပြီး ရေခဲသေတ္တာထဲတွင် တိတ်တိတ်လေးသိမ်းထားကာ မနက်စာအနေဖြင့် စားဖို့ပြင်ထားလိုက်သည်။

လိုအပ်တဲ့ပစ္စည်းတွေ ပြင်ဆင်ခွဲခြားပြီးနောက် ပုံဆွဲဘုတ်ပြားကို ထုတ်ကာ ပုံဆွဲဖို့ပြင်လိုက်သည်။ ခေါင်းကိုမော့လိုက်တဲ့အခါ မိုရိချန်ရဲ့မျက်မှောင်ကြုတ်နေတဲ့မျက်နှာကို မြင်လိုက်ရတာကြောင့် ဂရုတစိုက်မေးလိုက်သည်။ 

"မိုရိချန် မင်းကို မပျော်အောင်လုပ်တဲ့တစ်ခုခုနဲ့ ရင်ဆိုင်နေရလို့လား"

မိုရိချန်က ခေါင်းငုံ့လိုက်တော့ သူ့ဖုန်းထဲမှ ယုန်ညအိတ်ဝတ်စုံလေးဝတ်ကာ ဆိုဖာပေါ်တွင် ပုံဆွဲဘုတ်ပြားဖြင့် ထိုင်နေပြီး သူ့ကို ကြည့်နေတဲ့ ယွမ်းစွော်ကို မြင်လိုက်သည်။ 

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now