အခန်း ၅၅

4.5K 825 42
                                    

Raising You This Small Stuff

Unicode

အခန်း ၅၅: (ဖိုဖေးရဲ့ပိုင်ရှင်) ဖိုဖေးရဲ့နောက်ဆုံးပန်းတိုင်

ဖိုဖေးက သူ့အကျင့်အတိုင်း ခေါင်းကိုငုံ့ကာ  လမ်းလျှောက်လာရင်း ထုံးစံအတိုင်း ကားထဲမှ ထွက်လာတဲ့ လူကို သတိမထားမိဘဲ သူ့အပေါ် ကျရောက်နေတဲ့ ထိုလူရဲ့အကြည့်ကိုလည်း သတိမထားမိလိုက်ပေ။

သူ အနားကို ရောက်လာတဲ့နှင့်အမျှ ခန့်မင်က သူ့ကို ပိုဂရုတစိုက် ကြည့်လိုက်မိသည်။ ဆယ်ကျော်သက်လေးက  ခေတ်မမီတော့တဲ့ sneakerတစ်ရံကို ၀တ်ဆင်ထားပြီး သူ့ရဲ့အချိန်ပိုင်းအလုပ်ကြောင့် ဖြစ်နိုင်ကာ ဘောင်းဘီရှည်က အနည်းငယ် ကြေမွနေပေမယ့် အင်္ကျီလက်ဖျားနှင့် ဘောင်းဘီအနားများတွင် အစွန်းအထင်းများ မရှိတာကြောင့် မကြာခဏ လျှော်ဖွပ်ထားရသည်မှာ သိသာထင်ရှားလှသည်။ အာဟာရချို့တဲ့နေတဲ့မျက်နှာတွင် ပင်ပန်းနွမ်းနယ်မှုကို မြင်တွေ့နိုင်ပြီး သူကိုင်ဆောင်ထားတဲ့ အိတ်က သူ့ရဲ့ ပိန်ပါးတဲ့ လက်ကောက်ဝတ်ကို သိသိသာသာ ထုတ်ပြနေခဲ့သည်။

ဖိုဖေးက လျင်မြန်စွာ လမ်းလျှောက်လာတဲ့အခါ အရိပ်မည်းကြီးတစ်ခုက သူ့ဆီသို့ ရုတ်တရက် အရှိန်ပြင်းပြင်းပြေးဝင်လာပြီး  ဝင်တိုက်မိသွားခဲ့သည်။ ရှောင်ချိန်မရလိုက်သလို တစ်ဖက်က သူ့လက်ထဲရှိအိတ်ကို ချိန်ရွယ်ထားသလိုပင် သူ့လက်ကောက်ဝတ်က လျော့ရဲသွားကာ အိတ်က မြေပြင်ပေါ်သို့ ဘုတ်ခနဲပြုတ်ကျသွားတော့သည်။

သူ့ထက် ခေါင်းတစ်ဝက်လောက် အရပ်မြင့်တဲ့ အမျိုးသားက တောင့်တင်းသွားခဲ့ပြီး

 "တောင်းပန်ပါတယ်။ ငါ မရည်ရွယ်ပါဘူး"

ဖိုဖေး : "....." ဒီရှင်းပြချက်က ဘာလို့ လုံးဝယုံချင်စရာမရှိရတာပါလိမ့်။

ခန့်မင်က သူ့အတွက် အိတ်ကို ကောက်ပေးလိုက်ရင်း ငုံ့ကြည့်လိုက်သည်။ ဖိုဖေးက အိတ်ယူဖို့ လုပ်လိုက်ပေမယ့် သူက မလွှတ်ပေးခဲ့ပေ။

 "မင်းရဲ့ညစာကို ဖျက်ဆီးမိလို့ ငါတကယ်တောင်းပန်ပါတယ်"

ဖိုဖေးက မျက်မှောင်ကြုတ်လိုက်ပြီး အိတ်ကိုယူဖို့ ထပ်လုပ်လိုက်သည်။ "အဆင်ပြေပါတယ်"

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now