အခန်း ၆၅

3.7K 766 24
                                    

Raising You This Small Stuff

Unicode

အခန်း ၆၅:ကစားသမားအသစ်နှင့် ကိုက်ညီခြင်း

အာရုဏ်တက်ချိန်ရောက်လာပြီး အရှေ့ဘက်ဆီတွင် ကျောက်သားဖြူရောင်အာရုဏ်ဦး ကောင်းကင်က ပေါ်လာသည်။

လူတိုင်းက တစ်ညလုံး အိပ်နေကြပြီး မိုရိချန်ရဲ့ဘေးရှိ ရေခွက်က အကြိမ်အရေအတွက် မသိနိုင်တော့အောင် ပြောင်းနေခဲ့ပြီး အေးနေခဲ့ပြီ။ လုံပေါ်က သူ့အင်္ကျီလက်တွေကို လှန်တင်ပြီး ဆိုဖာရဲ့ တစ်ဖက်မှာ ထိုင်ချလိုက်သည်။

"အစ်ကိုမို ကျွန်တော် ယွမ်းစွော်ရဲ့ တိုက်ခန်းကို ထပ်သွားခဲ့တယ်"

"အဲဒါဘယ်လိုနေလဲ။ အပြောင်းအလဲအသစ်တွေ ရှိနေလား"

လုံပေါ်က ခေါင်းခါလိုက်ပြီး "မဟုတ်ဘူး။တိုက်ခန်းကို ပိတ်ဆို့ထားပြီး မူလနေရာမှာ ရှာလို့မတွေ့တော့ဘူး။ တစ်ဖက်က ဖုန်းကို ဖွင့်ထားမယ်လို့တော့ ကျွန်တော်မထင်ဘူး"

ဒါကို သူမျှော်လင့်ထားပေမယ့် စိတ်မပျက်ဘဲ မနေနိုင်ပေ။ ဖုန်းတွေ လဲလှယ်ခြင်းဖြစ်စဉ် တစ်ခုလုံးကို သေချာစွာ စီစဉ်ထားပြီး ဂိမ်းကို ရည်ရွယ်ထားကြောင်း ထင်ရှားသည့်အပြင် ဒါက အခြားဂိမ်းကစားသမား သို့မဟုတ် ဖုန်းကို ပိတ်လိုက်ခြင်းနှင့် ဂိမ်းကို အပြီးထွက်လိုက်ခြင်းဖြင့်  ဂိမ်းက ခဏ ရပ်သွားမည်ဖြစ်ပြီး elf ရဲ့တည်ရှိမှု အတိုင်းအတာကို ၎င်းရဲ့တိုက်ခန်းတွင် ချုပ်နှောင်ထားမည်ဖြစ်ကြောင်း ဂိမ်းအကြောင်းကို သေချာသိတဲ့သူ တစ်ယောက်ယောက်ဖြစ်ရမည်။

ထိုအချိန်တွင်ပင် အပြင်ဘက်တံခါးကို တွန်းဖွင့်လိုက်ရင်း ချန်စန်းက ရောက်လာကာ ကော်ဖီစားပွဲပေါ်တွင် ပုံနှိပ်စာတစ်စောင်ကို လျှပ်တပြက် ရိုက်ချလိုက်လေသည်။

"သေစမ်း သူပဲဖြစ်မယ်!"

လုံပေါ်က ချန်စန်းရဲ့အသွင်အပြင်ကြောင့် ထိတ်လန့်သွားခဲ့သည်။ စားပွဲပေါ်မှ စာရွက်ကိုယူရန် လှုပ်လိုက်ပေမယ့် မိုရိချန်က အရင် လုယူသွားခဲ့သည်။

မိုရိချန်ရဲ့ မျက်လုံးတွေက အချက်အလက်များကို ဖတ်လိုက်တဲ့အခါ သူ့မျက်လုံးတွေ စူးရှနစ်မြုပ်နေပြီး သူ့မျက်နှာက ထူးထူးခြားခြား မခန့်မှန်းနိုင်တော့ပေ။

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now