အခန်း ၇၇

3.5K 589 1
                                    

Raising You This Small Stuff

Unicode

အခန်း ၇၇: မိုရိချန်ရဲ့ပြစ်ဒဏ်

ယွမ်းစွော်ရဲ့မျက်လုံးတွေက တစ်ဝက်ဖွင့်နေပြီး မိုရိချန်နဲ့ဝေးနေသည့်အချိန်က တိတ်တဆိတ် သင်ယူခဲ့တဲ့ ခွန်အားတွေက ပျောက်ကွယ်သွားခဲ့တာ ကြာခဲ့ပြီ။

မိုရိချန်ရဲ့မျက်နှာကို သူ တကယ် ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့သဖြင့် သူ့စိတ်ထဲတွင် ပိုပိုကြောက်လာပြီး လွှတ်ပေးဖို့ ငြင်းဆန်ကာ မိုရိချန်ရဲ့အင်္ကျီလက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခဲ့သည်။

"ဒူဒူ..." 

မိုရိချန်က ယွမ်းစွော်ကို ဒီလိုပုံ မြင်နေရတာကို တကယ် သည်းမခံနိုင်တော့ဘဲ သူ့နှလုံးသားက တစစ်စစ်ကိုက်ကာ ကြေကွဲနေခဲ့သည်။ တစ်ချိန်က သူ့ကို ပြုစုပျိုးထောင်ပေးကာ ကာကွယ်စောင့်ရှောက်ပြီး သူ့အနားမှာ ထာဝရရှိနေမယ်လို့ ကတိပေးခဲ့ပေမယ့် အခုတော့ ဒါတွေအားလုံးက တည်ရခက်တဲ့ ကတိတွေအဖြစ် ပြောင်းလဲသွားခဲ့ပြီ။

"ဒူဒူ မကြောက်ပါနဲ့" 

သူ့နောက်ကျောကို ညင်သာစွာ ပွတ်သပ်ပေးရင်း ရုတ်တရက် သူ့ရင်ခွင်ထဲကလူရဲ့ တုန်လာမှုကို ခံစားလိုက်ရသည်။

"ကားရပ်လိုက်!" 

မိုရိချန်က ယာဥ်မောင်းကို ပြောလိုက်သည်။

ကားတံခါးကိုဖွင့်ပြီး ကားထဲကထုတ်လိုက်တဲ့ အခိုက်တွင် ယွမ်းစွော်က အန်ချလိုက်ကာ သူ့လည်ချောင်းထဲက အသံက ဟောက်သံ ထွက်လုနီးပါးပင်။

မိုရိချန်က သူ ဒီလိုဖြစ်နေတဲ့ အခြေအနေကို တွေ့လိုက်တဲ့အခါ ကျန်နေသေးတဲ့ အရက်သောက်လို့ အပြစ်ပေးမယ့် အတွေးတွေက လုံးဝပျောက်ကွယ်သွားခဲ့သည်။ စိတ်မကောင်းဖြစ်သွားရင်း သူ့ကိုပလုပ်ကျင်းပေးဖို့ ရေဘူး ယူလာပေးရန် ယာဥ်မောင်းကို ပြောလိုက်ပြီး အအေးမိမှာစိုးတာကြောင့် သူ့အကျီကို ချွတ်ကာ ခြုံပေးလိုက်သည်။

ယွမ်းစွော်က သူ့ဗိုက်ထဲ ရှိသမျှအားလုံးကို အန်ထုတ်လိုက်ပေမယ့် သူ့ခန္ဓာကိုယ်က ပိုဆိုးလာခဲ့သည်။ ခေါင်းကိုက်ပြီး အိပ်ချင်တယ်လို့ အော်ဟစ်ပြီး မြေပြင်ပေါ် ချက်ချင်း လဲကျလုနီးပါး ဖြစ်နေခဲ့သည်။

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now