အခန်း ၁၀

6.4K 1.1K 75
                                    

Raising You This Small Stuff

Unicode

အခန်း ၁၀ : သူက အဆင့်နိမ့်လွန်းတာကြောင့် Qဗားရှင်းမှာပဲ ရှိနေတယ်

လျန်ရှောင်းနင်က အိပ်ခန်းတံခါးဆီ လှမ်းလာခဲ့တော့ အိပ်ရာပေါ်တွင် ဘယ်သူမှမရှိပေ။ သူက ပြန်လှည့်ကြည့်ကာ မိုရိချန်ကို ဇဝေဇဝါဖြင့် ပြောလိုက်သည်။ 

"လူနာက ဘယ်မှာလဲ။ အခုက ပဏာမအဆင့် ရောဂါလက္ခဏာတွေကိုပဲ စမ်းသပ်လို့ရမယ်။ အခြေအနေကပြင်းထန်ပြီး ပစ္စည်းကိရိယာတွေ လိုရင် ဆေးရုံပို့ဖို့ လုပ်ရမယ် "

မိုရိချန်က ဖုန်းကို မြှောက်ပြလိုက်ပြီး "ဒီမှာ"

ဗီဒီယိုကုထုံးလား။ လျန်ရှောင်းနင်က စိတ်ရှုပ်ထွေးကာ ငုံ့ကြည့်လိုက်သည်။ သူ့လက်ထဲမှာ ဘာဗီဒီယိုထဲက လူနာမှမရှိပေ။ Animeနဲ့တူတဲ့ Q versionမျက်နှာပြင်တစ်ခုသာ ရှိသည်။ အထဲမှာ ရေခဲသေတ္တာ၊ အဝတ်ဗီရို၊ စာရေးခုံနဲ့ အိပ်ရာလေးပါတဲ့ အခန်းလေးတစ်ခုရှိသည်။ အိပ်ရာပေါ်မှာ ခွေခေါက်နေတဲ့ ကောင်ကလေးလည်း ရှိသည်။ Q versionအရွယ် ဆယ်ကျော်သက်ကောင်လေးက ဘောလုံးလေးလို ကွေးနေကာ တကယ် နေမကောင်းဖြစ်နေပုံပေါ်သည်။

"အဲ့ဒါသူပဲ။ သူတစ်ခုခုမှားနေတာလား ကြည့်ပေးပါဦး။ သူကနိုးမလာတော့ဘူး။ ကျွန်တော် သူ့ရဲ့အပူချိန်ကို တိုင်းထားတာ ၄၀ဒီဂရီလောက်ရှိတယ်" မိုရိချန်က စိုးရိမ်တကြီး ကြည့်နေသည်။

လျန်ရှောင်းနင် : "........"

သူ့ရှေ့မှာရပ်နေတဲ့သူက မိုရိချန်သာမဟုတ်ခဲ့ရင် တစ်ဘက်လူက ရူးနေတာလားလို့ သူ သေချာပေါက်ထင်မိမှာပင်။ ညဥ့်နက်သန်းခေါင်မှ သူ့ကိုဖုန်းဆက်ခေါ်ကာ ဖုန်းထဲက ပုံဇာတ်ကောင်ကို ဆရာဝန် ကြည့်ခိုင်းနေသည်။ 

မိုရိချန်က အတိုချုံးရှင်းပြလိုက်သည်။ 

"ဒါက အရမ်းဉာဏ်ရည်မြင့်တဲ့ဂိမ်းပါ။ ဒီထဲက ဇာတ်ကောင်တွေက လူတွေနဲ့ဆင်တူတဲ့ အရေးကြီးတွေ လက္ခဏာတွေပါရှိတယ်။ သက်ဆိုင်ရာဆေးဘက်ပစ္စည်းတွေ ဆေးဝါးတွေကလည်း လက်တွေ့ကမ္ဘာနဲ့ ဆင်တူပါတယ်။ ဒါကြောင့် သူ့ကို ကြည့်ပေးဖို့ ဖိတ်ခေါ်လိုက်တာပါ"

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now