အခန်း ၇၂

3.6K 703 1
                                    

Raising You This Small Stuff

Unicode

အခန်း ၇၂:မင်းသားလေးယွမ်းစွော်!

 အန်ဒရူးရဲ့ဖခင်က လွန်ခဲ့တဲ့ဆယ်နှစ်က ကွယ်လွန်သွားခဲ့ပြီး အေဘယ်လ်နှင့် အယ်လ်နီတို့၏ ပိုင်ဆိုင်ခွင့်က သူ့လက်ထဲသို့ ရောက်လာခဲ့သည်။

သူငယ်စဥ်က သူ့အဖေရဲ့ စာကြည့်ခန်းထဲမှ လျှို့ဝှက်အခန်းက သူ အသိချင်ဆုံးအရာဖြစ်တာကို မှတ်မိသည်။ ထိုအချိန်တွင် သူနှင့် သူရဲ့ ညီအစ်ကိုမောင်နှမများကို လျှို့ဝှက်ခန်းထဲသို့ ခြေလှမ်းတစ်ဝက်တောင် မဝင်ဖို့ တင်းတင်းကျပ်ကျပ် တားမြစ်ခံထားခဲ့ရသည်။

ငယ်စဉ်က သူက အလွန်ဆိုးသွမ်းခဲ့ပြီး  သူ့ညီမနှင့် လောင်းကြေးထပ်ကာ လျှို့ဝှက်ခန်းထဲသို့ ခိုးဝင်ရန် ကြံရွယ်ခဲ့သည်။ ထိုနေရာတွင် သူ့အတွက် အံ့အားသင့်စရာ ထူးထူးခြားခြား ဘာမှ မရှိပေ။ အပြင်အဆင်နှင့် အလှဆင်ထားမှုက သာမန်လေ့လာမှုတစ်ခုမျှသာ ဖြစ်သည်။

သူဝင်သွားတဲ့အခါ စားပွဲပေါ်ရှိ တီဗီကို ဖွင့်ထားပြီး ဖန်သားပြင်ပေါ်တွင် အေဘယ်နှင့် အယ်လ်နီတို့ကို စခရင်ပေါ်တွင် ပထမဆုံး မြင်ဖူးလိုက်ရသည်။

အေဘယ်လ်နှင့် အယ်လ်နီတို့ကို ပထမဆုံးမြင်ဖူးသည့်အချိန်တွင် သူတို့က Q-skinsတွင် ပျက်စီးခြင်း မရှိသေးပေ။ သူတို့နှစ်ယောက်က နွေးထွေးပြီးလေသာတဲ့ နံနက်ခင်းတစ်ခုတွင် ခြံဝင်းထဲ၌ စကားစမြည်ပြောရင်း လမ်းလျှောက်နေကြတဲ့ ပြေပြစ်တဲ့ သက်လတ်ပိုင်းအရွယ် စုံတွဲလေးတစ်တွဲ ဖြစ်သည်။

ထိုအချိန်တွင် အန်ဒရူးက ဒါကို သာမန်တီဗီအစီအစဉ်တစ်ခုမျှသာဟု ထင်မြင်ခဲ့ပြီး သိပ်ဂရုမစိုက်ခဲ့ဘဲ ဖန်သားပြင်ပေါ်ရှိ လူနှစ်ဦးက ဒီကောင်လေးရဲ့ ရုတ်တရက် ပေါ်လာမှုကြောင့် လန့်ဖျပ်သွားကာ တစ်ယောက်ကို တစ်ယောက် ကြည့်နေတဲ့အခါတွင် အန်ဒရူးကလည်း လန့်သွားခဲ့သည်။ ထို'ထူးဆန်းတယ်' ဆိုတဲ့ခံစားချက်က ကောင်ငယ်လေး အန်ဒရူးလေးကို ကြောက်လန့်သွားစေပြီး လျှို့ဝှက်ခန်းထဲမှ လေးဘက်ထောက်ကာ ပြေးလွှားလာရင်း သူ့အဖေက သူ့ကို ဖမ်းမိသွားခဲ့သည်။

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now