အခန်း ၅၁

4.9K 945 28
                                    

Raising You This Small Stuff

Unicode

အခန်း ၅၁:မိုရိချန်ရဲ့ကတိ!

"မင်းနောင်တရဖို့ အရမ်းနောက်ကျသွားပြီ"

ညဘက် အိပ်ရာထဲမှာ လဲလျောင်းနေတဲ့ အချိန်ထိတောင်  ယွမ်းစွော်က မိုရိချန်ရဲ့ စကားတွေကို တွေးနေရင်း သူ့နားတွေ ပူနေတုန်းဖြစ်သည်။

"ဝုတ်—" 

မာ့ရှ်မယ်လိုက အိပ်မက်ထပ်မက်နေပြန်ပြီး သူ့ရဲ့ ခြေထောက်တိုတိုလေးတွေက လေပေါ်ထောင်နေကာ ပါးစပ်လေးက ဟနေရင်း ပန်းရောင်လျှာလေးကို ထုတ်ပြနေခဲ့သည်။

"ဟိတ် မာ့ရှ်မယ်လို" 

ယွမ်းစွော်က စောင်ထဲမှ ခေါင်းကို ထုတ်လိုက်သည်။

"ဝူး—"

နိုးတစ်ဝက်အိပ်တစ်၀က်ဖြစ်နေတဲ့ မာ့ရှ်မယ်လိုထံမှ သူရရှိခဲ့တဲ့ တုံ့ပြန်မှုကတော့ မသဲမကွဲဟောင်သံသာဖြစ်သည်။ သူက ညင်သာစွာ သက်ပြင်းချလိုက်ပြီး မျက်နှာကျက်ကို မော့ကြည့်လိုက်ကာ "မာ့ရှ်မယ်လိုရေ မိုရိချန်က အခုချိန်ကစပြီး သူက ငါ့အပိုင်ပဲလို့ ပြောခဲ့တယ်နော် အဲဒါအမှန်ပဲမို့လား"

ခဏ တိတ်ဆိတ်သွားပြီးနောက် သူက ရုတ်တရက် တစ်ခုခုကို တွေးလိုက်မိသလို နှုတ်ခမ်းကို ဖိကာ နီမြန်းလာရင်း မျက်နှာကို စောင်နှင့်အမြန်ဖုံးလိုက်သည်။ ခဏအကြာတွင် စောင်အောက်မှ ဗလုံးဗထွေးအသံလေးတစ်ခု ထွက်လာခဲ့သည်: "ငါတော့မှန်တယ်ထင်တာပဲ။ မိုရိချန် ပြောခဲ့တာတွေက သူက အခုကစပြီး ငါတစ်ယောက်တည်းရဲ့အပိုင်ပဲလို့ ဆိုလိုချင်တာဖြစ်မယ်"

"ဝုတ်!"

ဟမ်...မာ့ရ်ှမယ်လို နိုးလာပြီ။ ယွမ်းစွော်က မာ့ရှ်မယ်လိုရဲ့ ဟောင်သံကိုကြားတဲ့အခါ သူက စောင်ထဲမှထွက်လိုက်ပြီး ထိုနေရာ၌ အကြာကြီးရှိနေတာကြောင့် ဖြစ်နိုင်ကာ သူထွက်လာတဲ့အခါ မာ့ရှ်မယ်လိုက ငေးမောနေခဲ့သည်။ မာ့ရှ်မယ်လိုက ကုတင်ဆီ ပြေးလာတာကိုမြင်တော့ သူက ညင်သာစွာ ကောက်ချီလိုက်ပြီး

 "ဒါဆို မိုရိချန်က ငါ့အပိုင်လို့ မင်းလည်း ထင်တယ်ပေါ့လေ။ ဒါပေမယ့် သူက... ရှင်းရှင်းလင်းလင်း​...မပြောဘူး။ ဒါဆိုငါတို့...ငါတို့က...အဲဒါ..." 

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now