အခန်း ၃၁

5.5K 1.1K 48
                                    

Raising You This Small Stuff

Unicode

အခန်း ၃၁: ဆယ်ကျော်သက် ဒူဒူ!

ခန့်မင်ရဲ့မျက်လုံးတွေက တောက်ပသွားခဲ့သည်။ ဟုတ်တယ် ဒါက အရမ်းကောင်းတဲ့ အောင်မြင်မှုပဲ။ တကယ်လို့ လုံပေါ်သာ ဂိမ်းနှင့် ရှုပ်ထွေးစွာ ချိတ်ဆက်နေခဲ့ရင် အခုက ဂိမ်းမှာ ချွတ်ယွင်းနေတာဖြစ်ပြီး သူ့ကို ရှာဖွေတာက အသုံးဝင်တဲ့ သဲလွန်စတွေကို ရနိုင်မည်ဖြစ်သည်။

မိုရိချန်က ဓာတ်လှေကားဆီသို့ အမြန်လျှောက်သွားကာ သူ့နောက်မှ ချန်စန်းက  လိုက်သွားခဲ့သည်။

လူလေးယောက်နှင့် ကားနှစ်စီးသည် Green Park ခရိုင်သို့ အရှိန်ပြင်းစွာမောင်းနှင်လာခဲ့ကြသည်။

ကားက အခုပဲ မောင်းထွက်လာတော့ မိုရိချန်ရဲ့ဖုန်းမှ ရင်းနှီးနေတဲ့အသံလေးတစ်ခု ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။

ဒင်!

သူ့လက်ဗွေရာဖြင့် အမြန်သော့ဖွင့်လိုက်ရင်း မိုရိချန်ရဲ့လက်တွေက တုန်နေခဲ့သည်။ တကယ့်ကို ဂိမ်းထဲကို အောင်အောင်မြင်မြင်နဲ့ လော့ဂ်အင်ဝင်တဲ့ အသံပင်! သို့သော် တစ်ခုခုမှားနေပြီဆိုတာ သူသိလိုက်ရသည်။

ယွမ်းစွော်ရဲ့တိုက်ခန်းက အလွန်မှောင်နေပြီး ပြတင်းပေါက်မှ အလင်းရောင်ပင် မရှိပေ။ ဧည့်ခန်းထဲတွင် အရေးပေါ်မီးတစ်လုံးသာ ဖွင့်ထားသဖြင့် မှောင်နေတာကြောင့် အိမ်အတွင်းရှိ ပရိဘောဂများကို မမြင်နိုင်ပေ။

ပုံမှန်ဆိုရင် မိုရိချန်ပေါ်လာတဲ့အခါ  လျှို့ဝှက်ကစားသမားမုဒ်ကို အသုံးမပြုထားလျှင် ယွမ်းစွော်က ချက်ချင်း နှုတ်ဆက်လေ့ရှိပေမယ့် ယခုအခါ တိတ်ဆိတ်မှုတွေ ပြည့်နေတဲ့ အခန်းထဲက သူ့ကို တုန်လှုပ်စေသည်။

မိုရိချန်က စိုးရိမ်တကြီးဖြင့် အော်ခေါ်လိုက်သည်။ 

"ဒူဒူ"

ဘာတုံ့ပြန်မှုမှ မရှိခဲ့ပေ။

"ဒူဒူ မင်းအဲ့ဒီမှာလား"

 သူက အသံကို လျှော့ကာ စိတ်ကိုတည်ငြိမ်အောင် အစွမ်းကုန်ကြိုးစားလိုက်သည်။

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now