အခန်း ၅၈

3.9K 873 29
                                    

Raiding You This Small Stuff

Unicode

အခန်း ၅၈: မိုရိယန် နိုးလာပြီ

မိုရိယန်က နိုးမလာသေးပေမယ့် ဆရာဝန်က သူ့မှာ အန္တရာယ်မရှိတော့ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ အားလုံးက လူနာခန်းအပြင်ဘက်မှာ အချိန်အတော်ကြာ နေခဲ့ကြပြီး နောက်ဆုံးတွင် မိုရိချန်က အိမ်တော်ထိန်းကို မေမေမိုအား ခဏပြန်အနားယူဖို့ ပြန်ခေါ်သွားရန် အကြံပြုလိုက်သည်။

ရရှိခဲ့တဲ့ ကြောက်လန့်မှုတွေကြောင့် ပင်ပန်းနွမ်းနယ်နေတဲ့ မေမေမိုက မိုရိရှုရဲ့ ပံ့ပိုးမှုကြောင့် ရပ်နေစဥ်တွင် သူမရဲ့အကြည့်တွေက ဘေးမှာ ငြိမ်သက်စွာ ရပ်နေတဲ့ယွမ်းစွော်ဆီကို ရုတ်တရက် ရောက်သွားခဲ့သည်။

ယွမ်းစွော်ရဲ့အသွင်အပြင်က မိခင်တစ်ယောက်ကို ကျေနပ်ပီတိဖြစ်စေတာကြောင့် သူ့ကို ကြည့်လေလေ ပိုသဘောကျလေဖြစ်နေခဲ့သည်။ သူမက မေးလိုက်သည်။ 

"ဒီကလေးက ဘယ်သူလဲ"

မိုရိချန်က ယွမ်းစွော်ရဲ့လက်ကို အမြန်ဆွဲကာ ရှေ့တိုးလိုက်ပြီး

 "မေမေ ဒါက ဒူဒူပါ"

"အာ ဒူဒူ" 

သူမက နာမည်ကို ထပ်ခါထပ်ခါပြောပြီးနောက် ဒီနာမည်က ထူးထူးခြားခြား ရင်းနှီးနေတာပဲဟု နားမလည်နိုင်စွာ ခံစားလိုက်ရသည်။

ယွမ်းစွော်က ယဥ်ကျေးစွာ နှုတ်ဆက်လိုက်သည်။

 "မင်္ဂလာ...မင်္ဂလာပါ အန်တီမို..." 

သူ့အသံလေးက ကြောင်ခြေဖဝါးလေးလို အိစက်ပြီး ချိုမြိန်လွန်းတာကြောင့် မေမေမိုရဲ့ မူလက လေးပင်နေတဲ့ ခံစားချက်တွေက အများကြီး သက်တောင့်သက်သာ ဖြစ်သွားခဲ့သည်။ သူမက ပြုံးလိုက်ပြီး 

"သားက ရိချန်ရဲ့ သူငယ်ချင်းလား"

"ဟမ်" 

ယွမ်းစွော်က ခေါင်းညိတ်ပြလိုက်ပြီး  စိတ်ထဲတွင် သူ့ချစ်သူဖြစ်ကြောင်း တိတ်တိတ်လေး အလေးပေးလိုက်ကာ လောလောဆယ်တော့ လျှို့ဝှက်ထားရဦးမှာပဲ!

မေမေမိုက ယွမ်းစွော်ရဲ့လက်ကို ဆွဲယူကာ နှစ်ကြိမ်လောက် ပွတ်သပ်ပေးလိုက်ပြီး 

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now