အခန်း ၁၅

6.1K 1.2K 16
                                    

Raising You This Small Stuff

Unicode

အခန်း ၁၅ : ဒူဒူက ထပ်ပြီး အဆင့်တက်သွားပြန်ပြီ

ဝိုင်က ဖန်ခွက်ရဲ့နံရံတလျှောက် ညင်သာစွာ ရွေ့နေကာ မှိန်ဖျဖျအလင်းရောင်အောက်တွင် ပယင်းရောင်က ကြည်လင်တောက်ပနေသည်။ သွယ်လျတဲ့လက်က ကိုင်ထားပြီး ဖန်ခွက်ထဲက ဝိုင်က ရွေ့လျားနေကာ နက်ရှိုင်းတဲ့ မျက်ဝန်းတစ်စုံထဲတွင် အလင်းရောင်က တဖြတ်ဖြတ်လက်နေသည်။ တစ်ငုံသောက်ကာ မိုရိချန်က ဘားကိုမှီလိုက်ပြီး ဘေးဘက်ကို ပျင်းရိစွာ ကြည့်နေကာ သူ့ရဲ့ပြီးပြည့်စုံတဲ့ မေးရိုးက ကင်မရာရဲ့မှန်ဘီလူးအောက်တွင် ဟစ်အော်လုနီးပါးဖြစ်နေပြီး သူ့မျက်နှာတခြမ်းရဲ့ အရိပ်က ထူးခြားကာတော်ဝင်ဆန်နေသည်။ 

"ကတ်! အပြီးပြည့်စုံဆုံးပဲ" တစ်နေ့လုံးအနီးကပ် ရိုက်ကူးပြီးနောက် ဒါရိုက်တာက မြင့်မားတဲ့ စိတ်ဓာတ်ရှိနေဆဲဖြစ်သည်။ ကင်မရာမပါတဲ့ မိုရိချန်ရဲ့လက်ရှိနဲ့ ထိုမျက်နှာရဲ့ အကျိုးသက်ရောက်မှုတွေက သူမျှော်မှန်းထားတာထက် အများကြီး ကျော်လွန်သွားခဲ့သည်။ 

အနီးနာရှိဝန်ထမ်းတစ်ချို့ကလည်း မိုရိချန်ရဲ့ မျက်နှာနှင့် သရုပ်ဆောင်စွမ်းရည်တွေကို တိုးတိုးလေးအံ့သြပြောဆိုနေကြသည်။ သူတို့က အရင်ကတော့ မိုရိချန်က ဒီလို ကြော်ငြာစည်းရုံးတဲ့သဘာဝရှိတဲ့ရုပ်ရှင်မျိုးကို သေချာအာရုံစိုက်မှာမဟုတ်ဘူးလို့ တွေးထားပေမယ့် ရိုက်ကူးရေးတစ်လျှောက်တွင် မိန်းကလေးတော်တော်များများက မိုရိချန်ရဲ့ သရုပ်ဆောင်မှုအမြင့်ဆုံးခန်းကို မြင်တော့ မျက်ရည်တွေတောင် ကျလာကြသည်။ လူတိုင်းက မိုရိချန်ရဲ့ အရည်အသွေးပြည့်ဝမှုကို ပိုပြီး အထင်ကြီးလာကြသည်။

ရိုက်ကူးရေးခေတ္တပြီးပြီးနောက် ချန်ကျောင်က ရှေ့ကို လျှောက်လာပြီး မိုရိချန်ရဲ့ဖုန်းကို သူ့ဆီ ပြန်လာပေးခဲ့သည်။

ယွမ်းစွော်ဖုန်းထဲမှာ နေကတည်းက ရိုက်ကူးရေးအချိန်တွင် ချန်ကျောင်က သိမ်းပေးထားရတာက လွဲပြီး သူ့ခန္ဓာကိုယ်နှင့်ဘယ်တော့မှမခွာပေ။ 

"အစ်ကိုမို ဒီနေ့ရိုက်ကူးရေးက နည်းနည်း နောက်ကျမှာကြောင့် ခါတိုင်းမှာနေကျအတိုင်း အစားအသောက်တွေမှာထားတယ်" ချန်ကျောင်က ပြောလိုက်သည်။

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now