အခန်း ၉

6.1K 1.1K 15
                                    

Raising You This Small Stuff

Unicode

အခန်း ၉ : elfလေးရေ သင့်ရဲ့ လက်ရှိကျန်းမာရေးအခြေအနေက 'ညံ့ဖျင်းသည်'ကို ကျဆင်းနေပါသည်။

မိုရိချန်က မျက်မှောင်ကြုတ်လိုက်ကာ ချန်ကျောင်က သူနဲ့အတူရှိလာတာ ကြာပြီဖြစ်ပြီး ယခုလိုကိုးယိုးကားယားမျိုး ဖြစ်လေ့မရှိပေ။ ဒီလို ဖြစ်တတ်တဲ့အချိန်အချို့က မိုရိယန် ပေါ်လာတတ်တဲ့အချိန်ပဲ ဖြစ်သည်။ 

"ကောင်းပြီ။ နောက်ထပ်သွားမဝယ်နဲ့တော့ မင်းကိုယ်မင်းသာ သန့်ရှင်းရေးသွားလုပ်လိုက်ဦး" 

မိုရိချန်က ပါးစပ်ကိုဖွင့်လိုက်ပြီးမှ ဒါက ကိုယ်ရေးကိုယ်တာကိစ္စဖြစ်တာကြောင့် သူဝင်ပြီး မစွက်ဖက်ချင်တော့ပေ။ချန်ကျောင်က အမြန်ခေါင်းညိတ်ကာ ကွဲနေတဲ့ ဖျော်ရည်ဘူးကို ယူပြီး လှည့်ထွက်လိုက်သည်။

မလှမ်းမကမ်းမှ ချင်ဟယ်က လှည့်ထွက်သွားတဲ့ သူ့ရဲ့နောက်ကျောကို လှမ်းကြည့်ကာ လှောင်ရယ်လိုက်သည်။ "မင်းက ဝလွန်းရတဲ့ကြားထဲ မျက်လုံးတွေကလည်း ကစားနေသေးတာကိုး"  relationshipတွေမှာ တစ်ခါတစ်ရံ လူတစ်ယောက်ရဲ့ဆဋ္ဌမအာရုံဆိုတာ အလွန်တိကျသည်။ ချန်ကျောင်က မိုရိယန်အပေါ်မှာ ထူးခြားတဲ့အတွေးတွေ ရှိနေတာကို သူသိနေတာကြာပြီဖြစ်ပေမယ့် အရပ်က၁.၇၅မီတာရှည်ပြီး ပေါင်၁၈၀၊ ၁၉၀လောက် ရှိတဲ့ဝတုတ်ဖက်တီးကိုတော့ ပြိုင်ဖက်အနေနဲ့ ဘယ်တုန်းကမှ မတွေးထားပေ။ သူကဒီလောက်ဝတုတ်နေတာ မိုရိယန်သာ သူ့ကို ကြိုက်ခဲ့ရင် ဝက်တွေကို သစ်ပင်ပေါ်တောင် တက်ခိုင်းလို့ရလိမ့်မည်။ ကြောက်စရာမရှိပေမယ့် သူ့ချစ်သူကို ဒီလိုရုပ်ဆိုးတဲ့အရာကြောင့် စိတ်အနှောင်အယှက်ဖြစ်သလို ခံစားသွားရအောင် မိုရိချန်က ဒီနေရာမှာ ရှိနေတာကို ဂရုမစိုက်ပဲ သူက ရွဲ့စောင်းပြောလိုက်သည်။

မိုရိယန်က သူ့ချစ်သူလေးကို အလိုလိုက်လေ့ရှိသော်လည်း ဒီတစ်ကြိမ်တော့ ပြင်းထန်စွာဆူလိုက်သည်။ "ချင်ဟယ်စကားပြောတာကြည့်ပြောစမ်း"

ချင်ဟယ်က မိုရိယန်ရဲ့မည်းမှောင်နေတဲ့ မျက်နှာကို တစ်ချက်ကြည့်ကာ ဒီလူက သူ့ညီလေးကို အလွန်ကာကွယ်ပေးတတ်တာကို သိတာကြောင့် လေသံလေးကို လျော့လိုက်ကာ "ကျွန်တော်...ကျွန်တော်မရည်ရွယ်ပါဘူး"

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now