အခန်း ၃၆

5.3K 1K 10
                                    

Raising You This Small Stuff

Unicode

အခန်း ၃၆: ထိတ်လန့်စရာအခိုက်အတန့် ( လုံပေါ်ရဲ့ပိုင်ရှင် )

မိုရိချန်နှင့် ချန်စန်းတို့က ဆေးရုံအောက်ထပ်ရှိ ကားရပ်နားရာဆီမှ ကားဆီသို့ ပြန်သွားခဲ့ကြသည်။ ခဏအကြာတွင် လုံပေါ်က ကွန်ပျူတာထဲမှ ခုန်ထွက်လာကာ လျှာကလည်း ထွက်နေပြီး အမောတကောဖြစ်နေခဲ့သည်။

ခန့်မင်က အဘိုးရဲ့အိမ်ဆီသို့ တည့်တည့် မောင်းလာခဲ့သည်။

ညနေ ၅:၃၀အချိန်ဖြစ်ပြီး အလုပ်ဆင်းတဲ့အချိန် ဖြစ်တာကြောင့် လမ်းကြပ်နေခဲ့သည်။ ကားက အဘိုးဖူရဲ့အိမ်မှ  လမ်းနှစ်လမ်းအကွာတွင် ပိတ်မိနေခဲ့သည်။

လုံပေါ်က ကားအတွင်းတွင် စက်ဝိုင်းပုံစံ ပတ်ချာလည်သွားနေကာ ရှေ့ခြေထောက်နှစ်ချောင်းကို ပြတင်းပေါက်ပေါ် တင်ပြီး အပြင်ကို မကြာခဏ လှမ်းကြည့်နေခဲ့သည်။

ယွမ်းစွော်က မိုရိချန်ကို ကားက သွားနေရဲ့လား၊ အဘိုးဖူရဲ့အိမ်မှာ ဓာတ်ပုံတွေသွားယူဖို့ ဘယ်လောက်ကြာဦးမလဲဟု ထပ်ခါထပ်ခါ မေးရင်း တိုက်ခန်းထဲတွင် မငြိမ်မသက်ဖြစ်နေခဲ့သည်။ 

နောက်ဆုံးတွင် လုံပေါ်ရဲ့ နှလုံးသားထဲရှိ စိုးရိမ်​သောကရောက်နေမှုက သူ့ကို ကြာကြာမစောင့်ခိုင်းနိုင်တော့ပေ။ သူက ကွန်ပျူတာထဲသို့ ပြန်ခုန်ဝင်လိုက်ပြီး ပြောလိုက်သည်။ 

"အစ်ကိုမို ကျေးဇူးပြုပြီး ကျွန်တော့်အတွက် တံခါးဖွင့်ပေးနိုင်မလား။ ကျွန်တော် လမ်းပေါ်ကို ပြေးသွားလိုက်မယ်။ ကျွန်တော်က အရမ်းမြန်ပါတယ်။ ကျွန်တော့်မှာ အိမ်ထဲဝင်ဖို့ နည်းလမ်းရှိတယ်။ ဓါတ်ပုံယူပြီးတာနှင့် တစ်ပြိုက်နက် ပြန်လာခဲ့ပါ့မယ်"

မိုရိချန်စကားပြောတာကို မစောင့်ဘဲ ချန်စန်းက ပြောလိုက်သည်။  

"မဖြစ်ဘူး လမ်းပေါ်မှာ ကားတွေ များလွန်းနေတယ်။ ​​အရမ်းအန္တရာယ်များတယ်"

လုံပေါ်က ပြန်ပြောလိုက်သည်။ "အဆင်ပြေပါတယ် ကျွန်တော် လမ်းဘေးက သွားပါ့မယ်။ ဒီအတိုင်း​စောင့်​​နေရတာ ကျွန်တော် ရူး​တော့မယ်​!"

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now